News

POST TYPE

NEWS

ဝန်ထမ်းကားပါမစ် ညွှန်ကြားချက်မရသေး
12-Jul-2020

နေပြည်တော်၊ ဇူလိုင် ၁၂

ဝန်ထမ်းကားပါမစ်ပေးရန်အတွက် ဆက်လက်အကောင်အထည်ဖော်ရန်ရှိသော်လည်း ညွှန်ကြားချက်မရသေးကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

“ဝန်ကြီးက လုပ်သက်ရင့်ဝန်ထမ်းတွေ ကားပါမစ်ပေးမယ့်ပရောဂျက်ကို ဆက်ပြီးအကောင်အထည်ဖော်ဖို့ရှိတယ်။ ဒါပေမဲ့ ပရောဂျက်က မပျက်သေးဘူးလို့ ပြောကြားထားပေမယ့်လည်း ဝန်ကြီးဌာနကိုတော့ ဒီကိစ္စနဲ့ပတ်သက်ပြီးညွှန်ကြားတာ မရှိသေးဘူး။ ညွှန်ကြားချက်မရသေးလို့ ဘယ်အချိန်ကစပြီး ဘယ်ပုံစံနဲ့ခွင့်ပြုပေးမယ် ဆိုတာလည်းမသိသေးပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 

နိုင်ငံ့ဝန်ထမ်းများအား ကားပါမစ်ပေးမည့်ကိစ္စ ဆက်လက်အကောင်အထည်ဖော်ရန်ရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဇွန်လ ၂၄ ရက်က နေပြည်တော်တွင် ပြုလုပ်ခဲ့သော ဝန်ကြီးဌာန၏ သတင်းမီဒီယာတွေ့ဆုံပွဲတွင် မီဒီယာများ၏ မေးမြန်းမှုအပေါ် ဖြေကြားခဲ့ခြင်းဖြစ်ပြီး ဇူလိုင်လ ၁၀ ရက်အထိ ဝန်ထမ်းပါမစ်ခွင့်ပြုမည့် ကိစ္စနှင့်ပတ်သက်၍ ညွှန်ကြားမှု မရှိသေးခြင်းဖြစ်သည်။

ဝန်ထမ်းကားပါမစ် အစီအစဉ်နှင့်ပတ်သက်၍ ကန့်ကွက်မှုများရှိခဲ့သဖြင့် သမ္မတရုံးက ယင်းအစီအစဉ်ကို ယခုအချိန်အထိ ဆိုင်းငံ့ထားခြင်းဖြစ်သည်။

ဆက်နိုင်