News

POST TYPE

NEWS

စားသုံးသူထံတိုက်ရိုက်ရောင်းချမည့် ဈေးကားအစီအစဉ်စတင်
12-Jul-2020


ရန်ကုန်၊ ဇူလိုင် ၁၂

မြန်မာနိုင်ငံ သစ်သီး၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စားသုံးသူထံသို့ တိုက်ရိုက်ကုန်စည်ရောင်းချမည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် တောင်သူများဈေးကား အစီအစဉ်ကို ရန်ကုန်မြို့တွင် စတင်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

Dမပ Rကည အစီအစဉ်ဖြင့် ဈေးကားနှစ်စီးကို ဇူလိုင် ၁၁ ရက်နေ့မှစတင်ပြီး ဇူလိုင်လ ၁၅ ရက်နေ့အထိ လသာမြို့နယ်နှင့် တောင်ဒဂုံမြို့နယ်များတွင် စတင်လည်ပတ်ရောင်းချပေးမည်ဖြစ်ပြီး နံနက် ၆ နာရီမှ ၁၀ နာရီအထိ လသာမြို့နယ်၊ သံဈေး(လမ်းမတော်)၊ နံနက် ၁၀ နာရီမှ ၂ နာရီအထိ သင်္ဃန်းကျွန်းမြို့နယ်၊ မွန်းလွဲ ၃ နာရီမှ ညနေ ၆ နာရီအထိ တောင်ဒဂုံ ၇၁ ဈေးအနီးရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၆ ရက်နေ့မှစတင်ပြီး အခြားမြို့နယ်များတွင်ပါ အလှည့်ကျလှည့်လည်ရောင်းချပေးမည်ဖြစ်ပြီး ဈေးကား ၁ တွင် Gဗဏ လက်မှတ်ရသီးနှံစုံများ၊ ပင်းတယ၊ မော်လမြိုင်၊ မှော်ဘီ၊ လှည်းကူး၊ ရန်ကုန်၊ ပြင်ဦးလွင်၊ မြစ်ကြီးနားမှတောင်သူများ၏ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ မှိ၊ ဒညင်းသီး၊ နဂါးမောက်သီး၊ လတ်ဆတ်သည့်ဟင်းရွက်စုံ၊ ကျွဲကော၊ ဖရဲတို့ပါဝင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ သစ်သီး၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းထံမှ သိရသည်။

လိုက်လံရောင်းချပေးမည့် ဈေးကားအမှတ် ၂ တွင် သီပေါမှတောင်သူများ၏ ရှမ်းလေးနာနတ်၊ ကုန်းသာနာနတ်၊ နမ့်ယန်းနာနတ်သီးများ ရောင်းချပေးမည်ဖြစ်ပြီး ဇူလိုင် ၁၆ ရက်နေ့နောက်ပိုင်းတွင် ငါးရက်တာလည်ပတ်မှု အပေါ်မူတည်၍ စည်းမျဉ်းများနှင့် ဈေးနှုန်းအနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

ဈေးကားအစီအစဉ်ကို မြန်မာနိုင်ငံ သစ်သီး၀လံပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းက စီစဉ်ခြင်းဖြစ်ပြီး မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ (စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန)၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

တောင်သူဈေးကားများတွင် ပါဝင်ရောင်းချလိုသူများအနေနှင့် ရရှိနိုင်မည့်ဝန်ဆောင်မှုများမှာ တောင်သူဈေးကားတစ်စီးလျှင် (၂ ပေ ဍ္ဍ ၁.၅ ပေ) ဈေးဗန်း ၁၀ ဗန်းပါဝင်ပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်း ဈေးကားတာဝန်ခံတစ်ဦး၊ ဈေးကားယာဉ်မောင်းတစ်ဦး၊ အရောင်းဝန်ထမ်းတစ်ဦးတို့မှ ကုန်စည်များကို တာဝန်ယူရောင်းချပေးသွားမည်ဖြစ်ပြီး တောင်သူမှထုပ်ပိုးပြီးရောင်းချရန် အသင့်ကုန်များကို စက်ဆန်းရန်ကုန်သိုလှောင်ရုံသို့တစ်ရက်ကြိုတင်ပေးပို့ရမည်ဖြစ်သည်။

ထို့ပြင် ပါဝင်ရောင်းချလိုသူများအနေနှင့် ရောင်းချနေသည့်သီးနှံနှင့် ဟင်းသီးဟင်းရွက်များကို ရောင်းချသည့်ရက်မှစတင်ကာ ဈေးကားတာဝန်ခံများက သက်ဆိုင်ရာတောင်သူများသို့ ကုန်လက်ကျန်နှင့် ရောင်းချမှုစာရင်းကို နေ့စဉ်တင်ပြပေးမည်ဖြစ်ပြီး ကုန်စည်လိုအပ်ပါက အချိန်မီပို့ပေးနိုင်ရမည်ဖြစ်ကာ မိမိရောင်းချမည့်ကုန်စည်၏ ဈေးနှုန်းများသတ်မှတ်ရာတွင် ကုန်စည်တူသည့် တောင်သူအချင်းချင်းအကြား ကွာဟချက်မကြီးမားစေရန် ဈေးကြီးကြပ်ရေးကော်မတီနှင့် ညှိနှိုင်းတိုင်ပင်သတ်မှတ်ရမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

S-07

Photo-MFVP