News

POST TYPE

NEWS

စင်းလုံးငှားလေယာဉ်ဖြင့် စင်ကာပူရောက် မြန်မာ ၇၅ ဦး ထပ်မံရောက်ရှိ
11-Jul-2020
ရန်ကုန်၊ ဇူလိုင် ၁၁

စင်ကာပူနိုင်ငံရောက် သငေ်္ဘာခုနစ်စီးပေါ်တွင် တာဝန်ထမ်းဆောင်နေသည့် မြန်မာသငေ်္ဘာသား ၇၃ ဦးနှင့် အခြားနှစ်ဦးတို့သည် စင်းလုံးငှားလေယာဉ်ဖြင့် ဇူလိုင်လ ၁၁ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ယင်းသငေ်္ဘာသားများသည် တာဝန်ထမ်းဆောင်မှုပြီးဆုံးသော်လည်း COVID-19 တားဆီးကာကွယ်ရေးအစီအမံများကြောင့် ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြရသည့်အတွက် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသေရး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ သက်ဆိုင်ရာသငေ်္ဘာကုမ္ပဏီများ၊ မြန်မာသံရုံး၊ စင်ကာပူမြို့၏ စီစဉ်ပေးမှုတို့ဖြင့် စင်းလုံးငှားလေယာဉ် Special Charter Flight (Myanmar Airways International-MAI) ဖြင့် ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

အဆိုပါလေယာဉ်တွင် OCEAN TIARA၊ MT ROYAL DIAMOND 7၊ MT ROYAL PERIDOT၊ OPHELIA၊ NORTHERN JUPITER၊ TAURUS LEADER၊ KOTA LESTARI အစရှိသည့် သငေ်္ဘာများပေါ်တွင် တာဝန်ထမ်းဆောင်ပြီး မြန်မာနိုင်ငံသို့ပြန်ရန် စောင့်ဆိုင်းနေကြသည့် သငေ်္ဘာသားများ လိုက်ပါလာခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဇူလိုင်လ ၁ဝ ရက်နေ့ကလည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ရောက်ရှိပညာသင်ကြားနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် ပညာသင်မြန်မာနိုင်ငံသား ၇၅ ဦး၊ ထိုင်းနိုင်ငံတွင်ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ပြန်ရန် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား ၈၆ ဦးတို့ပြန်လည်ရောက်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

ယင်းအတွက်ကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် အခက်အခဲကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်လျက်ရှိရာ ယနေ့အချိန်အထိ မြန်မာနိုင်ငံသားဦးရေ စုစုပေါင်း ၇,၃၀၀ ကျော်ကို မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ပေးခဲ့ပြီးဖြစ်သည်။

ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိသူများ တဖြည်းဖြည်းများပြားလာလျက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသည့် အရေအတွက်မှာလည်း ယခုနောက်ပိုင်းတွင် ပြည်ပမှပြန်လည်ရောက်ရှိလာသူများထံတွင်သာ ကူးစက်ခံနေရသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက စစ်ဆေးတွေ့ရှိလျက်ရှိသည်။

S-09