News

POST TYPE

NEWS

ကျေးသီးမြို့နယ်အတွင်းမှ ကျောင်းသား ၆၀၀ ကျော်ကို စာရေးကိရိယာများလှူဒါန်းမည်
11-Jul-2020
မန္တလေး၊ ဇူလိုင် ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် ကျေးသီးမြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၆ ကျောင်းမှ ကျောင်းသား ၆၀၀ ကျော်ကို စာရေးကိရိယာနှင့်ဆက်စပ်ပစ္စည်းများ စတုတၳအကြိမ်လှူဒါန်းမည်ဖြစ်ကြောင်း အဖြူရောင်နှင်းဆီပရဟိတ လူငယ်အသင်းထံမှ သိရသည်။

"ကျွန်မတို့မောင်နှမတွေသွားလှူဒါန်းတာ အခုစတုတၳအကြိမ်မြောက်ပါ။ဝေးလံခေါင်သီလွန်းပြီး ဘာသာစကားမပေါက်တဲ့ ရွာလေးတွေ အစစအရာရာရှားပါးလွန်းပြီး အနာဂါတ်ဆိုတာဘာမှန်းမသိတဲ့ တိုင်းရင်းသားကလေးငယ်တွေကို ပညာရေး ဆိုတာ ဘာအတွက်လိုအပ်တယ် ကျန်းမာရေးကိုဘယ်လိုစောင့်ရှောက်ရမယ် အနာဂါတ်အတွက် ဘဝကို ဘယ်လိုတည်ဆောက် ရမယ်ဆိုတာတွေ မျှဝေပေးချင်တာပါ။ ရှေ့လထဲမှာ လှူနိုင်အောင် စီစဉ်ထားပါတယ်"ဟု အဖြူရောင်နှင်းဆီပရဟိတလူငယ် အသင်းမှ မအိပြည့်စုံက ပြောကြားသည်။

ကျေးသီးမြို့နယ်အတွင်းရှိ စွမ်းတောင်(အ-မ-က)၊ မတ်လန်း(အ-မ-က)၊ လွယ်ဆိုင်း(အ-မ-က)၊ မတ်ကျိုင်း(အ-မ-က)၊ ဖိုင်နင်း (အ-မ-က)၊ ဝမ်ကျောင်း(အ-မ-က)ကျောင်းတို့မှ ကျောင်းသား၊ကျောင်းသူ ၆၀၀ ကျော်ကိုတစ်ဦးလျှင် ကျောင်းဝတ်စုံတစ်စုံ၊ စာအုပ်တစ်ဒါဇင်၊ လွယ်အိတ် ၊ခဲတံ၊ပေတံ၊ဖိနပ်၊ရေဘူးစသည်တို့ လှူဒါန်းမည်ဖြစ်ပြီး တစ်ဦးစာအတွက် ကျပ် ၁၅၀၀၀ နှုန်း ဖြင့် စုပေါင်းပါဝင်ကုသိုလ်ယူကြမည်ဖြစ်ကြောင်း ယင်းအသင်းထံမှ သိရသည်။

ယင်းလှူဒါန်းမှုအစီအစဉ်အတွက် ပါဝင်လှူဒါန်းလိုပါက အဖြူရောင်နှင်းဆီပရဟိတလူငယ်အသင်း ဖုန်း-၀၉၄၅၅၃၉၀၅၇၁ ထံ ဆက်သွယ်နိုင်သည်။

S-02