News

POST TYPE

NEWS

ဘားအံ တောင်ဝိုင်းတောင်လှေကားကြံခိုင်မှု ပြည်နယ်အစိုးရစစ်ဆေး
11-Jul-2020
ဓာတ္ပုံ-သာဆိင့်ဖါန်

တောင်ငူ၊ ဇူလိုင် ၁၁

ကရင်ပြည်နယ် ဘားအံမြို့နယ် တောင်ဝိုင်းတောင်လှေကားထစ်များ ကြံ့ခိုင်မှုအခြေနေကို လူမှုကွန်ရက်စာမျက်နှာတွင် ထောက်ပြဝေဖန်မှုများထွက်ပေါ်လာပြီးနောက် အဆိုပါလှေကား၏ ကြံ့ခိုင်မှုအခြေအနေကို ပြည်နယ်အစိုးရက စစ်ဆေးနေသည်ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးမှ ညွန်ကြားရေးမှူး ဦးကျော်သက်က ပြောကြားသည်။

"စစ်ဆေးမှုတွေပြီးရင်တော့ ဇွဲကပင်ဆရာတော်ကိုလျှောက်ထားတင်ပြမှာပါ။တစ်ကယ်လို့ ပြင်ဆင်ဖို့လိုအပ် တယ္ဆို ဆရာတော်ကဆောင်ရွက်မလား ပြည်နယ်အစိုးရက လုပ်ပေးရမလားဆိုတာ မသိရေသးဘူး"ဟု ၎က ဆက်လက်ပြောဆိုသည်။

ဓာတ္ပုံ-သာဆိင့်ဖါန်

ကိုဗစ်-၁၉ကူးစက်မှုအပေါ် ပြည်သူများ စိုးရိမ်ပူပမ်မှုအနည်းငယ်လျော့ကျလာသည့် ဇူလိုင်လဆန်းကစ၍ ဇွဲကပင်တောင်၊ ကြာအင်းတောင်နှင့်တောင်ဝိုင်းတောင်တို့သို့ ခရီးသွားများလာရောက်လည်ပတ်မှုများခဲ့၍ ယခုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တောင်ဝိုင်းတောင်တွင်တပ်ဆင်ထားသည့် သံဖရိမ်လှေကားထစ်များ၏ကြံ့ခိုင်မှုသည် လာရောက်လည်ပတ်သူအရေအတွက်နှင့် မမျှတသဖြင့် ဘေးအန္တရာယ်ဖြစ်လာမည်ကို ဒေသခံများကစိုးရိမ်နေကြသည်။
လွန်ခဲ့သည့်လေးရက်က လှေကားထောက်များ ကြံ့ခိုင်မှုအားနည်းနေမှုကိုပြသသည့်ဓာတ်ပုံများ လူမှုကွန်ရက်တွင်တက်လာပြီး နောက် ယခုကဲ့သို့ စစ်ဆေးနေခြင်းလည်းဖြစ်သည်။

"မနေ့က မနက်စောစောတက်တော့ လူသိပ္မရွိဘူး။ ပြန်ဆင်းလာတော့ မနည်းတိုးရတယ်"ဟု ဇူလိုင်လ ၉ ရက်နေ့က တောင်ဝိုင်းတောင်ပေါ်သို့ တက်ရောက်ခဲ့သူ ဒေါက်တာရဲလင်းက ပြောကြားသည်။

ဘားအံအနီးတစ်ဝိုက်ရှိ ကြာအင်းတောင်၊ဇွဲကပင်တောင်နှင့်တောင်ဝိုင်းတောင်တို့သည် ကိုဗစ်ကာလဖြစ်နေသော်လည်း လာရောက်လည်ပတ်သူများနေပြီး တောင်ဝိုင်းတောင်ပေါ်တက်မည်ဆိုပါက မိနစ်၃ဝ ခန့်သာ ကြာပြီး လှေကားများသည် သံဖရိန်ဖြင့်တည်ဆောက်ထားခြင်ဖြစ်သည်။

R-02