News

POST TYPE

NEWS

၁၉ ကြိမ်မြောက် မန္တလေးတိုင်းလွှတ်တော်တွင် ကျောက်မျက်ဥပဒေအပါအဝင် ဥပဒေကြမ်းသုံးခု ဆွေးနွေးမည်
09-Jul-2020


မန္တလေး၊ ဇူလိုင် ၈

ယခု ဇူလိုင်လတတိယပတ်အတွင်း ကျင်းပမည့် ၁၉ ကြိမ်မြောက်မန္တလေးတိုင်း လွှတ်တော်အစည်းအဝေးတွင် ကျောက်မျက် ဥပဒေအပါအဝင် ဥပဒေကြမ်းသုံးခု တင်ပြဆွေးနွေးရန်ရှိကြောင်း မန္တလေးတိုင်းလွှတ်တော်ဥပဒေကြမ်းကော်မတီထံမှ သိရသည်။

မန္တလေးတိုင်းလွှတ်တော်မှ တိုင်းဒေသကြီး အသေးစားနှင့်လက်လုပ်လက်စား ကျောက်မျက်ရတနာဥပဒေ၊ တိုင်းဒေသကြီးပိုင် ပစ္စည်းများရောင်းချခြင်း၊ ငှားရမ်းခြင်းနှင့် အခြားနည်းဖြင့် ဆောင်ရွက်ခြင်းဆိုင်ရာဥပဒေ၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့များဥပဒေတို့ကို လွှတ်တော်က အတည်ပြုပြဋ္ဌာန်းနိုင်ရေး လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလေးတိုင်း လွှတ်တော်ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ ဦးတင်အောင်က ပြောကြာသည်။

"ဒါတွေကို လွှတ်တော်ထဲမှာ ဆွေးနွေးကြရဦးမှာ ဖြစ်ပါတယ်"ဟု ၎င်းကရှင်းပြသည်။

မန္တလေးတိုင်းလွှတ်တော် ၁၉ ကြိမ်မြောက် လွှတ်တော်အစည်းအဝေးကို ဇူလိုင်လ ၂၃ ရက်တွင် ကျင်းပရန်ခေါ်ယူထားသည်။ 

လွှတ်တော်ကိုယ်စားလှယ်များအနေနှင့် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းမည့်မေးခွန်းများအတွက် ဇူလိုင်လ ၁၃ ရက်နေ့နှင့် တင်သွင်းမည့်အဆိုများကို ဇူလိုင်လ ၈ ရက်နေ့နောက်ဆုံးထားပေးပို့ရန် လွှတ်တော်ကထုတ်ပြန်ထားသည်။

ရတီ