News

POST TYPE

NEWS

လာဇီယို၏ အဓိကအိပ်မက်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရရေးသာဖြစ်သည်ဟု နည်းပြ အင်ဇာဂီပြောကြား
09-Jul-2020



ရောမ၊ ဇူလိုင် ၈

လက်ချီကို အရေးနိမ့်ခဲ့ပြီးနောက် စကူဒက်တိုချန်ပီယံဆု တိုက်ပွဲအတွက် မစဉ်းစားတော့ဟု လာဇီယိုနည်းပြ အင်ဇာဂီက ထုတ်ဖော်ပြောကြားခဲ့ကြောင်း Football Italia ကဖော်ပြခဲ့သည်။ 

လာဇီယိုသည် ပြီးခဲ့သည့်ပွဲစဉ်တွင် အေစီမီလန်ကို ၃ ဂိုးပြတ်ရှုံးခဲ့သလို တန်းဆင်းဇုန်တိုက်ပွဲ ဆင်နွှဲနေရသည့် လက်ချီ နှင့်ပွဲစဉ်တွင်လည်း ၁-၂ ဂိုးဖြင့်အရေးနိမ့်ပြီး နှစ်ပွဲဆက် အရှုံးနှင့်ရင်ဆိုင်ခဲ့ရသည်။ 

ထို့ကြောင့် ဇယားထိပ်ဆုံးမှ ဂျူဗင်တပ်အသင်းနှင့် ၇မှတ်အကွာတွင်ရှိနေပြီး သင်္ချာနည်းအရ စကူဒက်တိုချန်ပီယံဖြစ် နိုင်သော်လည်း နည်းပြအင်ဇာဂီက “ပြဿနာကတော့ ပိတ်ဆို့မှုတွေရှိခဲ့ပြီး တဲ့နောက် ဒဏ်ရာတွေနဲ့ပြန်လာခဲ့ရတာပါပဲ။ ကစားသမားတွေဟာ သူတို့ရဲ့စွမ်း ဆောင်ရည်ကို အကန့်အသတ်နဲ့သာပြနိုင် ကြပါတယ်။ ကျွန်တော်တို့ လပေါင်းများစွာ အရှုံးမရှိ ခရီးဆက်နိုင်ခဲ့ပေမယ့် အခုတော့ ၁၅ ရက်အတွင်းမှာ ၃ ပွဲ ရှုံးခဲ့ပါတယ်။ အချိန်အကန့်အသတ် တစ်ခုအတွင်းမှာ အကြီးမားဆုံး ပြောင်းလဲသွားခဲ့တာက စိတ်ဝင်စားစရာကောင်းပါတယ်။ ကစား သမားအများစုရဲ့ စွမ်းဆောင်ရည်က ၅၀ ရာခိုင်နှုန်းလောက်သာရှိပါတယ်။ ချန်ပီယံ လိဂ်ဝင်ခွင့်အတွက် လိုအပ်တဲ့ရမှတ်ကို ပိုင်ဆိုင်ဖို့အတွက် အိပ်မက်ကိုဆက်လက် အကောင်အထည်ဖော်ရမှာပါ။ အမြန်ဆုံး ရရှိလိမ့်မယ်လို့ မျှော်လင့်သလို ဒီအရာက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အိပ်မက်ပါ”ဟု ပြောကြားသွားခဲ့သည်။

ငြိမ်းပြည့်