News

POST TYPE

NEWS

ဒေးဗစ်လုဇ်နှင့် မူစတာဖီတို့နောက်တွင် ကစားရခြင်းက စိတ်အေးလက်အေးရှိသည်ဟု အာဆင်နယ်ဂိုးသမား မာတီနက်ဇ် ဖွင့်ဟ
08-Jul-2020


လန်ဒန်၊ ဇူလိုင် ၇

အာဆင်နယ်ဂိုးသမား မာတီနက်ဇ်က ဒေးဗစ်လုဇ်နှင့် မူစတာဖီတို့နောက်တွင် ဂိုးပေါက်စောင့်ရှောက်ရခြင်းက သက် သောင့်သက်သာရှိသည်ဟု ဖွင့်ဟလိုက်ကြောင်း Goal.com က ဖော်ပြခဲ့သည်။ 

အဆိုပါနောက်ခံလူနှစ်ဦးသည် မကြာခဏအမှားများတတ်ခြင်းကြောင့် ပရိတ်သတ်များ၏ဝေဖန်မှုနှင့် ဟာသလုပ်ခြင်းကို ခံနေရသော်လည်း မာတီနက်ဇ် ကိုယ်တိုင်က ၎င်းခံစစ်သမားနှစ်ဦးကို အပြည့်အဝ ထောက်ခံမှုပေးခဲ့သည်။ 

ဝုဗ်ကို ၂-ဝ ဂိုးဖြင့်အနိုင်ရခဲ့သည့် ပွဲစဉ်ကစားပြီးနောက် မာတီနက်ဇ်က “အခု ကျွန်တော်တို့မှာ ဖွဲ့စည်းပုံရှိပါတယ်။ ပွဲအစီအစဉ်နဲ့ လုပ်ဆောင်ချက်တွေရှိသလို ခံစစ်က ပိုမိုအားကောင်းလာပါတယ်။ ဒေးဗစ်လုဇ်နဲ့ မူစတာဖီတို့က ထိပ်တန်းကစားသမားတွေဖြစ်တယ် ဆိုတာကို ယုံကြည်ပါတယ်။ ဒေးဗစ်လုဇ်ဟာ ကာလတစ်ခုအထိ ထိပ်တန်းအဆင့်မှာကစားခဲ့ သလို မူစတာဖီကလည်း အဲ့ဒီလို ကစားသမားမျိုးပါပဲ။ ထိပ်တန်းအသင်းကြီးတွေ မှာ ကစားရတာဖြစ်လို့ တစ်ခါတရံအမှားလုပ်ရင် အပြစ်ပေးခံရမှာပါပဲ။ အာဆင်နယ် အသင်း ရှုံးနိမ့်မှုအတွက် လူတွေက ခံစစ်ပိုင်းကိုပဲ အပြစ်တင်နေကြပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ သူတို့နောက်မှာကစား ရတာကို လုံခြုံတယ်လို့ခံစားရပါတယ်။ သူတို့မှာ အတွေ့အကြုံကောင်းတွေရှိပြီး အချိန်တိုင်းမှာ ပွဲကို အဆက်မပြတ်ဖတ်နိုင်တဲ့သူတွေပါ”ဟု ချီးကျူးခဲ့သည်။

ငြိမ်းပြည့်