News

POST TYPE

NEWS

အာဆင်နယ်မှ လာကာဇက်တီထွက်ခွာရန် နီးစပ်လာ၊ ထိပ်တန်းအသင်းကြီး ၃ သင်း စောင့်ကြည့်
08-Jul-2020


လန်ဒန်၊ ဇူလိုင် ၇

ပြင်သစ်တိုက်စစ်မှူး လာကာဇက်တီသည် အာဆင်နယ်အသင်းမှထွက်ခွာ ရန် နီးစပ်လာပြီဖြစ်ကြောင်း L'Equipe က ဖော်ပြခဲ့သည်။ 

နည်းပြအာတီတာအနေနှင့်နောက် ပိုင်းပွဲစဉ်များတွင် အထောင်တိုက်စစ် နေရာ၌ လူငယ်ကစားသမား အန်ကီတီ ရက်ရှ်ကို အသုံးပြုနေပြီး လာကာဇက်တီကို အရန်ခုန်တွင်သာ ထားလျက်ရှိသည်။ 

လက်ရှိတွင်ပြင်သစ်တိုက်စစ်မှူး၏ အခြေအနေကို အက်သလက်တီကို၊ အင်တာမီလန်နှင့် ဂျူဗင်တပ်အသင်းတို့က စောင့်ကြည့်နေပြီး အက်သလက်တီကိုက ကွင်းလယ်လူ ပါတေး၏အပြောင်းအရွှေ့တွင် လာကာဇက်တီကို တစ်စိတ်တပိုင်းအဖြစ် ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားလာပြီ ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် ဂါနာ ကွင်းလယ်လူ ပါတေးကို ခေါ်ယူနိုင်လိမ့်မည် ဟုယုံကြည်နေခြင်းကြောင့် လာမည့်နွေဈေးကွက်အတွင်း လာကာဇက်တီအနေနှင့်လည်း အမ်းမရိတ်ကို ကျောခိုင်းရဖွယ်ရှိနေသည်။ 

ဝုဗ်နှင့်ပွဲစဉ်တွင် အသင်းအတွက် အနိုင်သေချာစေမည့် ဒုတိယဂိုးသွင်းပေးခဲ့သော လာကာဇက်တီနှင့်ပတ်သက်၍ နည်းပြအာတီတာက “သူနဲ့အတူနောက် ထပ်ခြေလှမ်းသစ်တွေအကြောင်း ပြောဖို့ရှိ သလို စိတ်ခံစားချက်ကို သိအောင် ကြိုးစားသွားမှာပါ။ ကျွန်တော်ကတော့ သူနဲ့လက် တွဲရတာကို ပျော်ရွှင်တယ်လို့ ပြောထား ပါတယ်။ ကျွန်တော် အာဆင်နယ်အသင်း မှာမရှိခဲ့ဘူးဆိုရင်တောင် သူက ကျွန်တော် ကြိုက်နှစ် သက်တဲ့ကစားသမားတစ်ယောက် ဖြစ်နေဦးမှာပါ။ အသင်းအတွက် ဘာတွေ ယူဆောင်လာပေးတယ်၊ သူ့ရဲ့လုပ်အားနှုန်းနဲ့ အရည်အသွေးတွေကြောင့်ပါ။ စောင့်ကြည့်ကြတာပေါ့”ဟု ပြောကြားထားသည်။

ငြိမ်းပြည့်