News

POST TYPE

NEWS

ပြည်ပမှ လေကြောင်းခရီးစဉ်ဖြင့် ပြန်ရောက်သည့် မြန်မာနိုင်ငံသား ၆၈၀၀ ကျော်ရှိ
06-Jul-2020
ရန်ကုန်၊ ဇူလိုင် ၅

ပြည်ပနိုင်ငံအသီးသီးသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများကို လေကြောင်းခရီးစဉ်များဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့သည့် အရေအတွက်မှာ မေလ ၁ ရက်နေ့မှ ဇူလိုင်လ ၅ ရက်နေ့အထိ ၆,၈၀၀ ကျော်အထိရှိလာပြီဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရောက်ရှိထားသည့် နိုင်ငံနှစ်ခုမှာ ဖိလစ်ပိုင်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ရှိ မြန်မာနိုင်ငံသားများဖြစ်ပြီး ဇူလိုင်လ ၅ ရက်နေ့တွင် ဖိလစ်ပိုင်နိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသား ၁၅ ဦး၊ Carnival အပျော်စီးသင်္ဘောလိုင်း၏ Conquest? Dream? Holland America သင်္ဘောများပေါ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မြန်မာသင်္ဘောသားအမှုထမ်း ၁၀၇ ဉီး စုစုပေါင်း ၁၂၂ ဉီးတို့ဖြစ်သည်။

ဇူလိုင်လ ၄ ရက်နေ့က အိန္ဒိယနိုင်ငံတွင်ရောက်ရှိနေပြီး မေလအတွင်း အကြောင်းအမျိုးမျိုးကြောင့် မြန်မာကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြန်လည်လိုက်ပါနိုင်ခြင်းမရှိကြသော မြန်မာနိုင်ငံသား ၄၈ ဉီးကို အိန္ဒိယ လေကြောင်းလိုင်း Air India ကယ်ဆယ်ရေးလေယာဉ်ကြုံဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

၎င်းတို့အားလုံးကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်မှစတင်ကာ ကျန်းမာရေးစိစစ်မှုများပြုလုပ်ပြီး အသွားအလာကန့်သတ်မှု ၂၁ ရက်ခံယူစေရန် သက်ဆိုင်ရာ Quarantine Center များသို့ ပို့ဆောင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပြည်ပမှပြန်လည်ရောက်ရှိပြီး ကိုရိုနာဗိုင်းရပ်စ်ပိုး စစ်ဆေးတွေ့ရှိရသူများထဲတွင် မလေးရှား၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့မှ ပြန်လည်ရောက်ရှိလာသူများမှာ အများဆုံးဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

S-09