News

POST TYPE

NEWS

နိုင်ဂျီးရီးယားတွင် စစ်တပ်၏ ထိုးစစ်ကြောင့် ဘိုကိုဟာရမ်အစ္စလာမ္မစ် ၇၅ ဦး သေဆုံး
06-Jul-2020


အဘူဂျာ၊ ဇူလိုင် ၅

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရမ်စစ်သွေးြွကနှိမ်နင်းရေး ထိုးစစ်များစစ်တပ်ကဆောင်ရွက်နေရာတွင် အစ္စလာမ္မစ်သူပုန် ၇၅ ဦးကို အသေရမိခဲ့သည်ဟု အစိုးရကထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းက အမဲရောင်နယ်မြေ အရှေ့မြောက်ပိုင်းတွင် ထိတွေ့မှု ၁၇ ကြိမ်ဖြစ်ပွားခဲ့ရာတွင် ဘိုကိုဟာရမ် ၇၅ ဦး၏ အလောင်းများကို ရရှိခဲ့သည်ဟု စစ်တပ်က ဆိုသည်။ 

လာဖီယာဒိုး စစ်ဆင်ရေးအမည်ဖြင့် စစ်တပ်ကနယ်မြေရှင်းလင်းခဲ့ရာ စစ်သွေးြွကများက ဖမ်းဆီးထားသူ ၃၅ ဦး ကို ပြန်လည်ရရှိခဲ့ကြောင်း စစ်တပ်ပြောခွင့်ရအရာရှိ ဂျွန်အီနန်ချီက ပြောကြားသည်။ 

အမျိုးသမီး ၁၈ ဦးနှင့် ကလေး ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့သော စစ်ဆင်ရေးမှာ ဇွန်လ ၁ ရက်နေ့မှ လကုန် ၃၀ ရက် အထိ ကြာမြင့်ခဲ့သည်။ 

တပ်မတော်အရာရှိတစ်ဦး သေဆုံးကာ၊ စစ်သားတစ်ဦး ဒဏ်ရာရရှိကြောင်း စစ်တပ်သတင်းထုတ်ပြန်ရေး အရာရှိအီနန်ချီကဆိုသည်။ 

အမျိုးသမီးနှစ်ဦးပါဝင်သော သူပုန်လေးဦးကို ဖမ်းဆီးရမိသည်ဟုလည်း နိုင်ဂျီးရီးယားစစ်တပ်က သတင်းထုတ်ပြန်ထားသည်။ 

လက်ရှိသိမ်းပိုက်ထားသော နေရာများတွင် စစ်တပ်ကိုဆက်လက်တပ်စွဲ ထားစေမည်ဖြစ်ကာ နယ်မြေကို ရှင်းလင်းသွားမည်ဟု နိုင်ဂျီးရီးယားစစ်တပ်က ဆိုထားသည်။ 

ချက်ချင်းအရေးယူ တိုက်ပွဲဝင်နိုင်ရန်အတွက် ဒေသခံပြည်သူများအနေနှင့် ဘိုကိုဟာရမ် စစ်သွေးြွကများရဲ့ သတင်းကို အချိန်မီပေးကြပါရန် ၎င်းကတိုက်တွန်းထားသည်။ 

ဘိုကိုဟာရမ် စစ်သွေးြွကများသည် နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ၂၀ဝ၉ ခုနှစ်ကတည်းက သူပုန်ထခဲ့ကြသည်။

အိမ်နီးချင်းနိုင်ငံများကိုလည်း သူပုန်ထတိုက်ခိုက်မှုများ ကူးစက်ခဲ့ကာဒေသတွင်း ညွန့်ပေါင်းပူးတွဲ စစ်ဆင်ရေးများဖြင့် စစ်သွေးြွကချေမှုန်းရေးများ လုပ်ဆောင်လျက်ရှိသည်။    

F-02