News

POST TYPE

NEWS

တိုက်နယ်ဆေးရုံ တည်ဆောက်ခွင့်ပေးရန် သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ထံ ထပ်မံတင်ပြ
04-Jul-2020

(ဓာတ်ပုံ-မောင်မျိုးထက်)သပြုတိုက်နယ်ဆေးရုံတည်ဆောက်မည့် ကန်ဒေါင့်ရွာရှိ မြေနေရာနှင့် လမ်းကိုတွေ့ရစဉ်။

ပုသိမ်၊ ဇူလိုင် ၇

ဧရာဝတီတိုင်း ဓနုဖြူမြို့ သပြုတိုက်နယ် တောကြီးကျေးရွာအုပ်စု ကန်ဒေါင့်ကျေးရွာတွင် ၁၆ ခုတင်ဆံ့ သပြုတိုက်နယ်ဆေးရုံ တည်ဆောက်ခွင့်ပြုနိုင်ရန် ယင်းတိုက်နယ် အတွင်းရှိ ကျေးရွာအုပ်စု ၉ အုပ္စု ကျေးရွာပေါင်း ၆၈ ရွာမှ ကျေးလက်နေပြည်သူများက သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ ထပ်မံတင်ပြ တောင်းဆိုထားကြောင်း ယင်းတိုက်နယ်အတွင်းရှိ ဒေသခံများထံမှ သိရသည်။

ကန်ဒေါင့်ရွာရှိ တောကြီးကျန်းမာရေးဌာနခွဲသည် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းကြောင့် ဒေသတွင်းနေထိုင်သူများနှင့် နယ်မြေနီးစပ်နေသည့် ညောင်တုန်းမြို့နယ်အတွင်းမှ ကျေးလက်ပြည်သူများအတွက်ပါ ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ရန်လိုအပ်နေခြင်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ မြေပြင်အခြေအနေ သုံးသပ်ချက် လွဲမှားနေခြင်းတို့ကြောင့် ထပ်မံတင်ပြ တောင်းဆိုရခြင်းဖြစ်ကြောင်း ယင်းတိုက်နယ် ဆေးရုံဖြစ်မြောက်ရေးကော်မတီထံမှလည်း သိရသည်။

"၂၀၁၇ ခုနှစ်ကတည်းက တင်ပြတောင်းဆိုခဲ့တာ။ လိုအပ်တဲ့ မြေ ၄ ဧကကိုလည်း လှူတဲ့ပုဂ္ဂိုလ်ကလှူထားပြီးပြီ။ ဆေးရုံဆောက်ဖို့ ကျေးလက်ပြည်သူတွေက ရန်ပုံငွေထည့်ထားပြီးနေပြီ။အဆင့်သင့်ဖြစ်နေပြီ ဒါကို သက်ဆိုင်ရာတာ၀န်ရှိသူ တွေက တစ္လြဲ သုံးသပ္လို့ ဆေးရုံဆောက်ခွင့်မရဖြစ်နေတာ။ ဒါကို ပြန်လည်စိစစ်ပေးဖို့ ဆေးရုံဖွင့်ခွင့်ရဖို့ တင်ပြရတာပါ" ဟု သပြုတိုက်နယ်ဆေးရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသန်းစိုးက The Voice Daily သို့ ပြောဆိုသည်။


(ဓာတ်ပုံ-မောင်မျိုးထက်)သပြုတိုက်နယ်ဆေးရုံတည်ဆောက်မည့် ကန်ဒေါင့်ရွာရှိ မြေနေရာနှင့် လမ်းကိုတွေ့ရစဉ်။

တင်ပြထားသည့် တိုက်နယ်ဆေးရုံ တည်ဆောက်မည့်နေရာသည် ဓနုဖြူမြို့ရှိ ခုတင် ၅၀ ဆံ့ ဆေးရုံနှင့် ၁၂ မိုင်သာ ကွာဝေးပြီးရေလမ်း၊ကုန်လမ်းဖြင့်သွားပါက အချိန် ၁နာရီမွ ၃ နာရီအတွင်းရောက်နိုင်ကြောင်း၊ ယင်းအပြင် ၂၆ မိုင်ကာဝေးသော ကျောင်းစု၊ ၂၇ မိုင်ဝေးသော ဇကာကြီး၊ ကျုံတနီး စသည့်ကျေးရွာတို့တွင် ခုတင် ၁၆ လုံးဆံ့ တိုက်နယ်တစ်ရုံစီရှိ နေခြင်း၊ ကန်ဒေါင့်ရွာတွင် ကျေးရွာ ၈ ရွာမှ လူဦးရေ ၅၀၀၀ ကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် တောကြီးကျေးလက်ကျန်းမာရေး ဌာနခွဲရှိနေခြင်းကြောင့် သပြုတိုကနယ်ဆေးရုံ ဖွင့်လှစ်ရန် မသင့်လျော်ကြောင်း ကျန်းမာရေး နှင့် အားကစား၀န်ကြီးဌာနမှ အတွင်း၀န်၏ အကြောင်းပြန်စာတွင် ဖော်ပြပါရှိသည်။

"၀န်ကြီးဌာနရဲ့ အကြောင်းပြန်စာက လွဲနေပါတယ်။ ဆေးရုံနေရာက တိုက်နယ်ဆေးရုံမရှိတဲ့ တိုက်နယ် ၉ နယ်ရဲ့ ၅မိုင်ပတ်လည် အလယ်ဗဟိုမှာရှိနေတာပါ၊ ရှိနေတဲ့ ကျန်းမာရေးဌာနခွဲဆိုတာ ဆေးပေးခန်းအဆင့်သာသာပါ ၊ ခုက ကျေးရွာပေါင်း ၆၈ ရွာနဲ့ လူဦး ရေ ၃၀၀၀၀ ကျော် ကျန်းမာရေးအထောက်အပံ့ ရေစမွာပါ ၊ ၀န်ကြီးဌာနကဖော်ပြတဲ့ ဆေးရုံ တွေကိုသွားဖို့ လမ်းပန်းအခက်အခဲရှိ။တယ် ဇကာကြီးဆို ဧရာ၀တီမြစ်ကြီးခြားနေပါတယ်။ ဒါကြောင့် ဒီဒေသကလူတွေအတွက် တိုက်နယ် ဆေးရုံတစ်ရုံ မြန်မြန်ဖွင့်ခွင့်ပေးစေချင်ပါတယ်" ဟု ဒေသခံအမျိုးသမီးတစ်ဦးဖြစ်သည့် ဒေါ်အောင်စောက ပြောဆိုသည်။

ယင်းကျေးရွာအုပ်စု ၉ အုပ္စုရွိ လူဦးရေ ၃၄၀၀၀ ကျော်နှင့် နယ်မြေဆက်စပ်နေသည့် ညောင်တုန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃ အုပ္စုမွ လူဦးရေ ၁၃၀၀၀ကျော်တို့ ကျန်းမာရေး စောင့်ရှောက်ရန် လိုအပ်နေသဖြင့် ကျေးရွာ အုပ္စု ၉အုပ် စု ၏ သာသနာရေးဆရာတော်ကြီးများ ၊ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာန ၊လွှတ်တော်ကိုယ်စားလှယ်များနှင့် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ က သပြုတိုက်နယ်ဆေးရုံဖွင့်လှစ်ရန် ၂၀၁၇ ခုနှစ်ဇွန်လအတွင်းက ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဌာနထံသို့ ထောက်ခံတင်ပြခဲ့ကြောင်း ဓနုဖြူမြို့နယ် အုပ်ချုပ်ရေးရုံးထံမှ သိရသည်။

R-04