News

POST TYPE

NEWS

ပြိုင်ပွဲကျင်းပရေးက ဖုန်းဆက်အကြောင်းကြားမည်ကို စောင့်ဆိုင်းနေဟု အောင်လအန်ဆန်ဆို
03-Jul-2020


ရန်ကုန်၊ ဇူလိုင် ၂

ONE Championship ပြိုင်ပွဲကျင်းပရေးက မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံလုပွဲကိုမကြာမီ ထုတ်ပြန်ကြေငြာမည်ဖြစ်ခြင်းကြောင့် ချန်ပီယံကာကွယ်ပွဲ ယှဉ်ပြိုင်ရမည့်အောင်လသည် ပြိုင်ပွဲယှဉ် ပြိုင်ရန်စောင့်ဆိုင်းနေကြောင်း ဆိုသည်။

ONE Championship သည် Kickboxing ပွဲစဉ်နှင့် မွေထိုင်းပွဲစဉ်များကို ဇူလိုင် ၃၁ ရက်တွင် ပြန်လည်ကျင်းပမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး မကြာမီ MMA ပြိုင်ပွဲဖြစ်သည် အောင်လ၏ချန်ပီယံလုပွဲကိုပါ ထုတ်ပြန်ဖွယ်ရှိနေသည်။

ONE Championship အဖွဲ့အစည်း၏ CEO ချက်ထရီကလာမည့် ဇူလိုင် ၃၁ ရက်တွင် ONE Champion-ship ၏ Kickboxing ပွဲစဉ်နှင့် မွေထိုင်းပွဲစဉ်များကို စတင်ကျင်းပမည်ဖြစ်ကြောင်း အတည်ပြုကြေညာခဲ့ပြီး အခြားပွဲစဉ်များ ပြန်လည်ကျင်းမည့်ရက်ကိုလည်း မကြာမီထုတ်ပြန်သွားမည်ဟု ပြောကြားခဲ့သောကြောင့် ရွှေ့ဆိုင်းထားရသည့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကာကွယ်ပွဲကိုလည်း  မကြာမီထုတ်ပြန် ကြေညာဖွယ်ရှိနေကြောင်း သိရသည်။     

"ဒီနေ့မနက်ပိုင်း ၇ နာရီမှာခွန်အားနဲ့ကြံခိုင်မှုလေ့ကျင့်ခန်းကိုနည်းပြဆရာ @drcpeacock ရဲ့ သင်ပြမှုအတိုင်း ကျွန်တော်နဲ့အသင်းဖော်တွေကြိုးစား ပြုလုပ်ခဲ့ပါတယ်။ ပြေးလွှားတာတွေ၊ အမြင့်ခုန်တာတွေနဲ့ လေးလံတဲ့အရာတွေကိုမပြီး လုပ်ဆောင်ရတဲ့လေကျင့်မှုတွေကို ပြုလုပ်ခဲ့ပါတယ်။အမြဲတမ်းအသင့်ပြိုင်ပွဲဝင်နိုင်ဖို့လေ့ကျင့်ပြင်ဆင်ထားပြီးယှဉ်ပြိုင် ထိုးသတ်ဖို့ ဖုန်းခေါ်ဆိုလာတာကိုပဲစောင့်နေပါတယ်" ဟုအောင်လကပြောသည်။

အခြားနာမည်ကြီးပြိုင်ပွဲများ ကျင်းပမည့်ရက်ကိုလည်း ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ချက်ထရီက အသိပေးခဲ့သောကြောင့် အောင်လအန်ဆန်နှင့် ဗစ်တာလီဘစ်ဒက်ရှ်တို့၏ မစ်ဒယ်ဝိတ်တန်းချန်ပီယံစိန်ခေါ်ပွဲကိုလည်း မကြာမီကြေညာသွားဖွယ်ရှိကြောင်း သုံးသပ်မှုများရှိနေသည်။

ONE မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်၏ ချန်ပီယံကာကွယ်ပွဲကို မူလက ဧပြီတွင်ကျင်းပရန် စီစဉ်ထားသော်လည်း  COVID-19 ဖြစ်ပွားမှုကြောင့် မေလသို့ကနဦးရွှေ့ဆိုင်းခဲ့သည်။

သို့သော် အခြေအနေအရပ်ရပ်ကြောင့် ကျင်းပနိုင်ခြင်းမရှိဘဲ အကန့်အသတ်မရှိ ထပ်မံရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်သည်။ လက်ရှိအချိန်အထိ အောင်လ အန်ဆန်နှင့် ဗစ်တာလီတို့၏ချန်ပီယံ ကာကွယ်ပွဲကျင်းပမည့်ရက်ကို ပြန်လည်ထုတ်ပြန်နိုင်ခြင်းမရှိသေးသောကြောင့်   ပရိသတ်များကလည်း မျှော်လင့်လျက်ရှိသည်။

ရုရှားနိုင်ငံသား ဗစ်တာလီသည် အောင်လအန်ဆန်ကို မရှုံးနိမ့်မီအချိန်အထိ ရှုံးပွဲမရှိကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သူဖြစ်သည်။အောင်လအန်ဆန် သည် မစ်ဒယ်ဝိတ်တန်းချန်ပီယံ ကာကွယ်ပွဲသုံးပွဲအနိုင်ရထားသည်။       

ချစ်ဝိုင်း