News

POST TYPE

NEWS

ဆက်တီယန်၏နည်းဗျူဟာနှင့် လူစားလဲမှုများအပေါ် ဘာစီလိုနာအသင်းသားများ စိတ်ပျက်လျက်ရှိ
30-Jun-2020


ဘာစီလိုနာ၊ ဇွန် ၂၉

ဆယ်တာဗီဂိုနှင့် သရေကျခဲ့ပြီးနောက် ဘာစီလိုနာအသင်းအဝတ်လဲခန်းအတွင်း အခြေအနေတင်းမာမှုများရှိခဲ့ပြီး နည်းပြဆက်တီယန်၏နည်းဗျူဟာနှင့် ပတ်သက်၍ ကစားသမားများစိတ်ပျက်လျက်ရှိကြောင်း Marca က ဖော်ပြခဲ့သည်။ 

တန်းဆင်းဇုန်အတွက်ရုန်းကန်နေရသည့် ဆယ်တာဗီဂိုနှင့် ရင်ဆိုင်ရာ၌ ဘာစီလိုနာအသင်းမှာပွဲကို ၂ ကြိမ်တိုင် ဦးဆောင်ခွင့်ရခဲ့သော်လည်း သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရသည်။ 

ထို့ပြင် အက်စ်ပန်ညိုနှင့်ပွဲစဉ်၌ ရီးရဲလ်အနိုင်ရခဲ့သောကြောင့် အမှတ်ပေး ဇယားထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်သွားခဲ့သည်။ 

ဘာစီလိုနာကစားသမားများအနေနှင့် နည်းပြဆက်တီယန်၏ ပွဲအပေါ်ချဉ်းကပ်ပုံနှင့် ဆုံးဖြတ်ချက်များအား မကျေမနပ်ဖြစ်ခဲ့ကြပြီး ပွဲပြီးရန် ၁၀ မိနစ်အလိုတွင် အသင်းအတွက် ၂ ဂိုးသွင်းပေးထားသည့် ဆွာရက်ဇ်ကို ဂရေ့ဇ်မန်းနှင့် လူစားလဲခဲ့သလို ပွဲပြီးရန် ၄ မိနစ်အလိုတွင် တစ်ပွဲလုံးခြေစွမ်းပြနေသော ရီကီပစ်အားအာသာ နှင့် လူစားလဲခဲ့သည့်ဆုံးဖြတ်ချက်များအတွက် မပျော်မရွှင်ဖြစ်ခဲ့ကြသည်။ 

အသင်း အနိုင်ရလဒ်ပိုင်ဆိုင်နေချိန်တွင် ယင်းကဲ့သို့လူစားလဲမှုများပြုလုပ်ခဲ့ ပြီးနောက်ပွဲချိန် နောက်ဆုံးမိနစ်အပိုင်းအခြားတွင် အက်စ်ပတ်က ဆယ်တာဗီဂိုအတွက် တစ်မှတ်ရစေမည့် ချေပဂိုးကို သွင်းယူသွားခဲ့ခြင်းဖြစ်သည်။

ငြိမ်းပြည့်