News

POST TYPE

NEWS

ကူလီဘာလေအား ခေါ်ယူရေးတွင် လိုဗရန်ကို အသုံးချသွားရန် လီဗာပူးအသင်း စီစဉ်
30-Jun-2020


လီဗာပူး၊ ဇွန် ၂၉

ပရီးမီးယားလိဂ် ချန်ပီယံလီဗာပူး အသင်းသည် နာပိုလီနောက်ခံလူ ကူလီဘာလေအား ကမ်းလှမ်းရန်ပြင်ဆင်နေကြောင်း Tuttosport က ဖော်ပြခဲ့သည်။ 

ကူလီဘာလေ၏လက်ရှိကာလတန်ကြေးမှာ ပေါင်သန်း ၉၀ ၀န်းကျင်ရှိနေပြီး အသားတင်ငွေပေးချေမှု သက်သာရန်အတွက် အသင်းနောက်ခံလူ လိုဗရန်ကို အလိုက်ပေးရန် လီဗာပူးအသင်းဘက်မှ စီစဉ်လျက်ရှိနေသည်။ 

အဆိုပါကမ်းလှမ်းမှုကို နာပိုလီ အသင်းဘက်မှ လက်ခံလိမ့်မည်ဟုလည်း ယုံကြည်နေသည်။ 

နာပိုလီဥက္ကဋ္ဌ ဒီလော်ရန်းတစ် ကိုယ်တိုင်က ကူလီဘာလေအတွက် ပေါင်သန်း ၆၀ အောက်ကမ်းလှမ်းမှုများ အားလုံးကို ပယ်ချသွားမည်ဟု ပြောဆိုထားသည်။ 

ကူလီဘာလေအတွက် ကမ်းလှမ်းမှုတွင် အလိုက်သဘောပါဝင်လာမည့် လိုဗရန်သည် ယခုရာသီအတွင်းလီဗာပူး အတွက် ပရီးမီးယားလိဂ် ၁၀ ပွဲသာပါဝင်ခွင့် ရထားပြီး အသင်းနှင့်စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိတော့သူဖြစ်သည်။ 

လီဗာပူးအသင်း ဗဟိုခံစစ်တွင် ဗန်ဒိုက်၊ ဂျိုးဂိုမက်ဇ်နှင့် ဂျိုရယ်မာတစ် တို့ရှိနေသော်လည်း ကူလီဘာလေကို ခေါ်ယူခြင်းဖြင့် အကျစ်လျစ်ဆုံးပုံစံကိုတည် ဆောက်ရန် နည်းပြကလော့ပ်က ရည်မှန်းနေခြင်းဖြစ်သည်။ 

၎င်းကစားသမား ကိုလီဗာပူး၏အဓိကပြိုင်ဘက် မန်စီးတီးအသင်းကပါ ချိတ်ဆက်နေပြီး မှန်ကန်သည့်ကမ်းလှမ်းမှု ရရှိပါက နာပိုလီအသင်းက ရောင်းချဖွယ်ရှိနေသည်။

ငြိမ်းပြည့်