News

POST TYPE

NEWS

ယခင်နှစ်ထက် လယ်ယာထွက်ပစ္စည်း ကန်ဒေါ်လာသန်း ၄၆၀ ကျော်ဖိုး ပိုမိုတင်ပို့နိုင်
29-Jun-2020


ရန်ကုန်၊ ဇွန် ၂၈

လယ်ယာထွက်ပစ္စည်း ပြည်ပတင်ပို့မှုအနေနှင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ တင်ပို့မှုမှာ ယခင်နှစ်ကာလတူ တင်ပို့မှုပမာဏထက် အမေရိကန်ဒေါ်လာ သန်း ၄၆၀ ကျော်ဖိုး ပိုမိုတင်ပို့နိုင်ကြောင်း  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ ဇွန်လ ၁၂ ရက်နေ့အထိ လယ်ယာထွက်ပစ္စည်းတင်ပို့မှုမှာ  အမေရိကန်ဒေါ်လာ ၂၉၀၆ ဒသမ ၂၆၆ သန်းဖိုးတင်ပို့ထားပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ် ကာလတူက အမေရိကန်ဒေါ်လာ ၂၄၃၉ ဒသမ ၉၂၄ သန်းဖိုး တင်ပို့ထားခြင်းဖြစ်သည်။

သို့ဖြစ်၍ အမေရိကန်ဒေါ်လာ ၄၆၆ ဒသမ ၃၄၂ သန်းဖိုးပိုမိုတင်ပို့နိုင်ခြင်းဖြစ်ပြီး ယခုနှစ်တွင် Covid-19 ကြောင့် လယ်ယာထွက်ကုန်အများစု ပြည်ပတင်ပို့မှုမှာ လျော့ကျသွားခြင်းဖြစ်ကြောင်း ပို့ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။

ထို့ပြင်ပြည်ပသို့တိရစ္ဆာန်ထွက် ပစ္စည်းတင်ပို့မှုမှာလည်း ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အောက်တိုဘာလ ၁ ရက်နေ့မှ  ဇွန်လ ၁၂ ရက်နေ့အထိ အမေရိကန်ဒေါ်လာ ၆၁ ဒသမ ၈၉၆ သန်းဖိုးတင်ပို့ နိုင်ပြီးယခင်နှစ်ကာလတူက အမေရိကန်ဒေါ်လာ ၃၀၃ ဒသမ ၄၀၄ သန်းဖိုးတင်ပို့နိုင်ပြီး ယခင်နှစ်တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ၂၄၁ ဒသမ ၅၀၈ သန်းဖိုး လျော့ကျသွားကြောင်း တင်ပို့မှုစာရင်း များအရ သိရသည်။

ပြည်ပသို့ စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာလည်း ယခင်နှစ်တင်ပို့မှုထက် အမေရိကန်ဒေါ်လာ ၁၅၁ ဒသမ ၈၈၇ သန်း လျော့ကျသွားကြောင်း ယင်းစာရင်းများအရ သိရသည်။            

S-07