News

POST TYPE

NEWS

စီးရီးအေပွဲစဉ်များတွင် ကစားသမား ၅ ဦး လူစားလဲခွင့်ရရှိမည်ဟု အီတလီဘောလုံးအဖွဲ့ချုပ် ထုတ်ပြန်ကြေညာ
07-Jun-2020


အီတလီ၊ ဇွန် ၆

ယခုရာသီစီးရီးအေ ပွဲစဉ်များပြန်လည်စတင်ချိန်တွင် သက်ဆိုင်ရာအသင်းများအနေနှင့် ကစားသမား ၅ ဦး လူစားလဲခွင့်ရရှိမည်ဟု အီတလီဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာခဲ့ကြောင်း Football Italia က ဖော်ပြခဲ့သည်။ 

အဆိုပါအပြောင်းအလဲသည်အပြည်ပြည်ဆိုင်ရာဘောလုံးအသင်းဘုတ်အဖွဲ့ IFAB မှယာယီအသစ်ချမှတ်ထားသောစည်းမျဉ်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့ခဲ့ပြီးနောက် လှုပ်ရှားမှုများပြန်လည်စတင်ရာတွင် အသုံးပြုနေခြင်းဖြစ်သည်။ 

အီတလီဘောလုံးအဖွဲ့ချုပ်ဘက်မှအဆိုပါအပြောင်းအလဲကို လက်ခံခဲ့သော်လည်း လူစားလဲလှယ်ခွင့်ကိုမူအကန့်အသတ်တစ်ခု ထားရှိခဲ့ကြောင်းသိရသည်။ 

အကယ်၍ပြိုင်ဘက်နှစ်သင်းစလုံးအချိန်တစ်ခုတည်းတွင် လူစားလဲမှုလုပ်ပါက တပြိုင်နက်အနေအထားတွင် ၃ ဦးသာ လူစားလဲခွင့်ရရှိမည်ဖြစ်သည်။ 

အခြားတစ်ဖက်တွင်မူ ကိုပါအီတာလီယာဖလားပွဲစဉ်များ၌ အချိန်ပိုမိနစ်အထိရောက်ရှိပါက စတုတ္ထလူစားလဲခြင်းငိုခွင့်ပြုမည်ဟု အီတလီဘောလုံးအဖွဲ့ချုပ်ဘက်မှအတည်ပြုခဲ့သည်။ 

ယင်းအစီအစဉ်ကို ၂၀၁၉-၂၀ ဘောလုံးရာသီပြီးဆုံးချိန်အထိ သဘောတူလုပ်ဆောင်သွားမည်ဖြစ်ပြီး စီရီးအေနှင့် စီးရီးဘီပြိုင်ပွဲဝင်အသင်းအားလုံးထပ်တူ ဖြစ်ကြောင်းသိရသည်။ 

အီတလီထိပ်တန်းလိဂ် ၂ ရပ်ကို လာမည့် ဇွန်လ ၂၀ရက်နေ့တွင်တံခါးပိတ် နောက်ကွယ်မှ ပြန်လည်စတင်မည်လည်း ဖြစ်သည်။
            
ငြိမ်းပြည့်