News

POST TYPE

NEWS

မုံရွာ-မန္တလေးလမ်းဘေးရှိ သက်တမ်းရင့်သစ်ပင်ကြီးများ ခုတ်လှဲနေမှုကို ကန့်ကွက်
07-Jun-2020


မုံရွာ၊ ဇွန် ၆

မုံရွာ-မန္တလေးလမ်းဘေး မိုင်တိုင် ၇၄ မှ ၉၃ ကြားရှိ သက်တမ်းရင့်သစ်ပင် ၁၈ ပင်ကို အန္တရာယ်ရှိသစ်ပင်ဟု သတ်မှတ်ကာ ပင်စည်ရင်းမှ ခုတ်လှဲနေခြင်းကို Save Monywa အဖွဲ့မှ ကန့်ကွက်ခဲ့ကြသည်။

မုံရွာခရိုင် လမ်းဦးစီးဌာနကခွင့်ပြုပေးထားသော သစ်ခြောက်ပင်များမှာ လုံးပတ် ၅ ပေမှ ၁၂ပေ အထိရှိနေသော သက်တမ်းရင့်ကုက္ကိုပင် ၁၁ ပင် ပါဝင်နေကြောင်း၊ သစ်ပင်များကို ပင်စည်ရင်းမှ ခုတ်လှဲနေခြင်းသည် အရိပ်ရသစ်ပင်ပြုန်းတီးမှုကို အားပေးရာရောက်ပြီး သဘာဝ၀န်းကျင်ပျက်ယွင်းကာ မြေအောက်ရေ လျော့နည်းခန်းခြောက်မှုကို ဖြစ်ပေါ်စေသဖြင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု Save Monywa အဖွဲ့မှ ဦးအောင်နေမျိုးက The Voice Daily သို့ ပြောကြားသည်။

“သုံးပင်ခုတ်ပြီးနေပြီ။ အန္တရာယ်ရှိရင် အကိုင်းကိုခုတ်ပါ။ ပင်စည်ရင်းကခုတ်ဖို့မလိုပါဘူး။ လမ်းဘေးမှာ သစ်ခွဲနေတယ်။ သစ်ဖြတ်စက်လွှကိုသုံးနေတယ်။ ဒါတွေ စိစစ်ဖို့လိုပါတယ်”ဟု ၎င်းကပြောဆိုသွားသည်။

အဆိုပါသစ်ပင်များခုတ်လှဲမှုနှင့် ပတ်သက်၍ မုံရွာခရိုင်လမ်းဦးစီးဌာန​ထံ မေးမြန်းရာ အန္တရာယ်ရှိသောသစ်ခြောက် ပင်များဖြစ်သောကြောင့် ၁၈ ပင်ကို အစိုးရခွင့်ပြုချက်ဖြင့် ရွှေတောင်ကုမ္ပဏီက ခုတ်လှဲနေခြင်းဖြစ်သည်ဟု ဖြေကြားခဲ့သည်။ 

စစ်ကိုင်းတိုင်းအစိုးရ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဌာနဝန်ကြီး ဦးလာလ်ထောင်ထန်းက ဈေးကွက်ကြောင့် သက်တမ်းရင့် သစ်ပင်ခုတ်လှဲနေခြင်းမှာ မဖြစ်သင့်ကြောင်း၊ ထန်းပင်များ ခုတ်လှဲခြင်းအတွက် ထန်းပင်ကို သစ်တောသစ်ပင်အဖြစ် သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရထံ တောင်းဆိုထားကြောင်း ပြောဆိုသည်။     

 R-08