News

POST TYPE

NEWS

ဟာဇက်နှင့် အဆန်စီယိုက ရီးရဲလ်၏လာလီဂါယှဉ်ပြိုင်မှုကို အလှည့်အပြောင်းလုပ်ပေးနိုင်မည်ဟု ကွင်းလယ်လူဟောင်း မက်မာနာမန် ယုံကြည်
05-Jun-2020


မက်ဒရစ်၊ ဇွန် ၄

ဟာဇက်နှင့် အဆ်စီယိုတို့မှာ ကစားပွဲကို အလှည့်အပြောင်း လုပ်ပေးနိုင်သူများဟု ရီးရဲလ်ကွင်းလယ်လူ မက်မာနာမန်က ချီးကျူးခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

၎င်းတို့နှစ်ဦးသည် လက်ရှိတွင် ကြံ့ခိုင်မှုပြန်လည်ပြည့်ဝနေပြီဖြစ်သလို ဘာစီလိုနာနှင့်ချန်ပီယံဆုအပြီုင်ကြိုးစားမှုတွင် ရီးရဲလ်ကို အကူအညီများစွာပေးနိုင်လိမ့်မည်ဟုလည်း မက်မာနာမန်က ယုံကြည်နေသည်။ ဟာဇက်သည်ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း၌ ခြေကျင်းဝတ် ဒဏ်ရာကိုခွဲစိတ်ကုသခဲ့သူဖြစ်ပြီး အဆန်စီယိုမှာ အရွတ်ဒဏ်ရာကြောင့် တစ်ရာသီလုံးနီးပါးကို လွဲချော်ခဲ့ရသူဖြစ်သည်။ 

လက်ရှိတွင် အသင်းနှင့်အတူ လေ့ကျင့်ရေးများပြန်လည်ပြုလုပ်နေပြီဖြစ်သလို ဇွန် ၁၄ ရက်တွင် ဘာနေဗျူး၌ ယှဉ်ပြိုင်မည့် အီဘာနှင့်ပွဲအတွက်အဆင်သင့်အနေအထား ရှိနေပြီဖြစ်သည်။ 

ရီးရဲလ်သည်ဇယားထိပ်ဆုံးမှ ဘာစီလိုနာနှင့် ၂ မှတ်အကွာတွင်ရှိနေသော်လည်း မက်မာနာမန်က "ဟာဇက်နဲ့ အဆန်စီယိုတို့ ပြန်လာနိုင်မှာဖြစ်လို့ သူတို့ထက် ၂ မှတ်ပိုရထားတဲ့ ဘာစီလိုနာအတွက် နောက်ထပ်ဖိအားတစ်ခုဖြစ်ပါလိမ့်မယ်။ ဒါဟာ ရီးရဲလ်ကို အကျိုးရှိစေမှာဖြစ်သလို ထိပ်တန်းလိဂ်တွေမှာရှိတဲ့ ထိပ်ဆုံးက အသင်းတွေအတွက်အားလုံးအတွက် ကောင်းတဲ့အရာပါ။ တကယ်လို့ ခင်ဗျားတို့ဟာ ထိပ်ဆုံးမှာရှိနေရင်တော့ ပုံမှန်အားဖြင့် အကောင်းဆုံးလူစာရင်း၊ အကြီးကျယ်ဆုံးအသင်းနဲ့ အခြားသူတွေထက်ပိုကောင်း တယ်လို့ဆိုလိုရင်းရပါတယ်။ နှစ်လ၊ သုံးလ အတွင်းမှာ ကစားသမားတွေကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာတာဟာ ရီးရဲလ်ကို သေချာပေါက် အကျိုးဖြစ်စေပါလိမ့်မယ်"ဟု ပြောဆိုခဲ့သည်။    

ငြိမ်းပြည့်