News

POST TYPE

NEWS

မန္တလေးတိုင်းအတွင်း နိုင်ငံခြားမှပြန်လာသူ သုံးရက်အတွင်း ၂၅၀ ဦးခန့်တိုး
05-Jun-2020
မန္တလေး၊ ဇွန် ၄

ကိုဗစ်ကြောင့် မန္တလေးတိုင်းအတွင်းသို့ နိုင်ငံရပ်ခြားမှ ပြန်လာသူများရှိနေရာ ဇွန်လ၂ ရက်နေ့မှ ၄ ရက်နေ့အထိ သုံးရက်တာကာလအတွင်း ၂၅၀ ဦးခန့်တိုးလာကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့၏ စာရင်းများအရသိရသည်။

ဇွန်လ ၄ ရက်နေ့အထိ ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူ ၁၆,ဝ၉၃ ဦး၊ တရုတ်နိုင်ငံမှ ပြန်ဝင်လာသူ ၈၁၈၁ ဦး၊ လာအိုနိုင်ငံမှ ပြန်ဝင်လာသူ ၅၁ ဦး၊ မလေးရှားနိုင်ငံမှ ပြန်ဝင်လာသူ ၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်ဝင်လာသူ ၁ ဦး၊ စင်ကာပူနိုင်ငံမှ ၁ ဦး စုစုပေါင်း ၂၄,၃၄၅ ဦး ရှိပြီဖြစ်ကြောင်း ယင်းစာရင်းများအရ  သိရသည်။

ဇွန်လ ၂ ရက်နေ့တွင် ထိုင်းနိုင်ငံမှ ပြန်ဝင်လာသူ ၁၅,၈၈၄ ဦး၊ တရုတ်နိုင်ငံမှ ပြန်ဝင်လာသူ ၈၁၄၆ ဦး၊ လာအိုနိုင်ငံမှ ပြန်ဝင်လာသူ ၅၁ ဦး၊ မလေးရှားနိုင်ငံမှ ပြန်ဝင်လာသူ ၁၈ ဦး၊ အိန္ဒိယနိုင်ငံမှ ပြန်ဝင်လာသူ ၁ ဦး၊ စုစုပေါင်း ၂၄၀၉၆ ဦး ရှိကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ဝင် ရှမ်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောကြားသည်။

မန္တလေးမြို့ ကြိုဆိုလက်ခံရေးစခန်းသို့ လားရှိုးမြို့မှတစ်ဆင့် မီးရထားဖြင့် ရောက်ရှိလာသော တရုတ်ပြည်တော်ပြန်များကို အခြားပြည်နယ်နှင့်တိုင်းအသီးသီးသို့ စနစ်တကျ လွှဲပြောင်းခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း ယင်းကြိုဆိုရေးစခန်းထံမှ သိရသည်။

မန္တလေးတိုင်းအတွင်းရှိ မန္တလေးခရိုင်၊ ကျောက်ဆည်ခရိုင်၊ မြင်းခြံခရိုင်၊ မိတ္ထီလာခရိုင်၊ ရမည်းသင်းခရိုင်၊ ညောင်ဦးခရိုင်၊ ပြင်ဦးလွင်ခရိုင်တို့တွင် Quarantine စင်တာ စုစုပေါင်း ၁၅၀ဝ ကျော်ရှိပြီး ဇွန်လ ၃  ရက်နေ့ညနေပိုင်းအထိစာရင်းများအရ    အသွားအလာကန့်သတ်ထားသူ ၄၃၂၉ ဦး ရှိကြောင်းလည်း သိရသည်။

S -02