News

POST TYPE

NEWS

ပေါင်သန်း ၂၀ နှင့်အထက် ကမ်းလှမ်းမှုမရှိပါက အူဘာမီယန်းကို အာဆင်နယ် ဆက်ထိန်းသွားမည်
04-Jun-2020


လန်ဒန်၊ ဇွန် ၃

အာဆင်နယ်အသင်းသည် တိုက်စစ်မှူး အူဘာမီယန်းကို နည်းပါးသည့်ပြောင်းရွှေ့ကြေးဖြင့် ရောင်းချခြင်းထက် စာချုပ် သက်တမ်းကုန်ချိန်အထိ ဆက်ထိန်းသွားရန် ရည်ရွယ်ထားကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

ယခုလအတွင်း အသက် ၃၁ နှစ်ပြည့်မည့် ဂါဘွန်တိုက်စစ်မှူးသည်လာမည့် ရာသီကုန်တွင် အာဆင်နယ်အသင်းနှင့် စာချုပ်သက်တမ်းပြည့်မည့် ကစားသမားဖြစ်ပြီး တစ်ပတ်လုပ်ခ ပေါင် ၂၀ဝ,ဝ၀ဝ ခန့် ရရှိနေသူဖြစ်ကာ ၎င်းအားသက်တမ်း တိုးရေးကိစ္စအတွက် သဘောတူညီမှုရယူနိုင်ခြင်းမရှိသေးပေ။ 

သို့ရာတွင် အာဆင်နယ်အသင်းဘက်မှ အူဘာမီယန်းအား ဖိအားပေးရောင်းချရန် မရှိသလို ပေါင်သန်း ၂၀ နှင့် အထက်ကမ်းလှမ်းမှုမရှိပါက လာမည့်ရာသီတွင် အသင်းအတွက် ဆက်လက်အသုံးပြု သွားရန်ရှိနေခြင်းဖြစ်သည်။ 

အာဆင်နယ်အသင်းအကြီးအကဲ ဆန်ဟီလီကမူရမ်ဆေး၊ ဝီရှီးယားနှင့် ဝဲလ်ဘတ်တို့ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်ခဲ့ရပြီးနောက်ပိုင်း မည်သည့်ကစားသမားကိုမျှ စာချုပ်သက်တမ်းကုန်သည်အထိ ဆက်ထားမည်မဟုတ်ဟုဆိုခဲ့ဖူးသည်။ 

သို့ရာတွင် ကိုရိုနာဗိုင်းရပ်စ်ရိုက်ခတ်မှုဒဏ်ကိုခံရပြီးနောက် ဈေးကွက်တွင် ရင်ဆိုင်နေရသောမူဝါဒကို ယခုနွေရာသီတွင် ဖြေလျော့ပေးရန်ရှိနေပြီး နည်းပြ အာတီတာကိုယ်တိုင်ကလည်း အူဘာမီယန်းကို လာမည့်ရာသီတွင်အသင်း၌ ဆက်ရှိနေရေးဘက်မှ ထောက်ခံထားသည် ဟုသိရသည်။ 

အာတီတာအနေနှင့် အူဘာမီယန်းကို ၂၀၂၁ ခုနှစ်အထိ ဆက်ထိန်းပြီးနောက် စာချုပ်သစ်ကိစ္စကို အသစ်တဖန်ဆွေးနွေး နိုင်လိမ့်မည်ဟုလည်း ယုံကြည်နေသည်။ 

သို့ရာတွင် လာမည့်ရာသီချန်ပီယံ လိဂ်ဝင်ခွင့် လွဲချော်ရန်သေချာနေခြင်းကြောင့် အူဘာမီယန်းမှာ အသင်းကိုကျောခိုင်းရန် ဆန္ဒရှိနေသည်။ 

ငြိမ်းပြည့်