News

POST TYPE

NEWS

ရဲလက်ချက်ကြောင့် သေဆုံးရသူအမေရိကန်လူမည်းအမျိုးသား ဂျော့ဖလွိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေသည်ဟု အဖြေထွက်
04-Jun-2020


မင်နီယာပိုးလစ်စ်၊ ဇွန် ၄

အမေရိကန်တစ်လွှား ဆန္ဒပြပွဲများဖြစ်စေခဲ့သည့် မီးပွါးကို စတင်ခဲ့သည့် လူသတ်မှုကျူးလွန်သူ ရဲများ၏ သားကောင် မစ္စတာဂျော့ဖလွိုက်၏ ရုပ်အလောင်းကို စစ်ဆေးခဲ့ရာတွင် ကိုရိုနာဗိုင်းရပ်စ်တွေ့ရှိခဲ့ရကြောင်း သတင်းများကဖော်ပြထားသည်။

ဒေသအဆင့်ကျန်းမာရေးစစ်ဆေးမှု ဌာနက ထုတ်ပြန်ခဲ့သော စာမျက်နှာ ၂၀ ပါ သေမှုသေခင်းစစ်ဆေးမှုအရ ဧပြီလ ၃ ရက်နေ့တွင် ဗိုင်းရပ်စ်ကူးစက်ခံထားရကြောင်း တွေ့ရှိရသည်။

ဗိုင်းရပ်စ်၏ မျိုးရိုဗီဇဆိုင်ရာကုဒ် သည် လူတစ်ဦး၏ ကိုယ်ခန္တာအတွင်းဝယ် သီတင်းပတ်များစွာ ရှိနေနိုင်ပြီး သေဆုံးချိန်တွင် ရောဂါလက္ခဏာမပြဘဲ နေနေခြင်းဖြစ်သည်။

ရောဂါလက္ခဏာမပြသော်လည်း Covid-19 ကူးစက်ခံထားရသည်မှာတော့ အမှန်ဖြစ်ကြောင်း ဆေးစစ်ချက်များက ဖော်ပြထားသည်။

ဂျော့ဖလွိုက်ကို လည်မျိုတက်နင်းထားသော ရဲကိုလူသတ်မှုဖြင့် စွဲချက်တင်ထားပြီး ကျန်ရဲများကိုလည်း အားပေးကူညီမှုဖြင့် အရေးယူထားသည်။

ရုပ်အလောင်းကို စစ်ဆေးအစီရင်ခံခဲ့သော ဒေါက်တာမိုက်ကယ်ဘာဒန်ကို စစ်ဆေးမှုများ မပြုလုပ်ခင် ဂျော့ဖလွိုက်တွင် ကိုရိုနာဗိုင်းရပ်စ်ရှိနေကြောင်း ဒေသဆိုင်ရာအရာရှိများက မပြောကြားခဲ့ဟု ၎င်းက New York Times ကို ပြောကြားခဲ့သည်။