News

POST TYPE

NEWS

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပြည့်မီမည်ဟု မျှော်မှန်းထား
02-Jun-2020
ရန်ကုန်၊ ဇွန် ၁

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ပြည်ပမှဝင်ရောက်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံ ပြည့်မီမည်ဟု မျှော်မှန်းထားကြောင်း နိုင်ငံခြားစီးပွား ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗရက်ဆင်းက ပြောကြားသည်။

AustCham Myanmar က ဦးဆောင်ကျင်းပသည့် နိုင်ငံခြားကုန် သည်ကြီးများအသင်းနှင့် ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်များဆိုင်ရာ Webinar ကို မေလ နောက်ဆုံးအပတ်က နေပြည်တော်တွင် Video Conference စနစ်ဖြင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Covid-19 ဆက်လက်ဖြစ်ပွားနေသော်လည်း လက်ရှိဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စီးဝင်မှုမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ ဘီလီယံကျော် စီးဝင်ပြီးဖြစ်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မျှော်မှန်းချက်ဖြစ်သည့် အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကို ပြည့်မီနိုင်မည်ဟု မျှော်မှန်းကြောင်း ဦးဗရက်ဆင်းကဆိုသည်။

အဆိုပါဆွေးနွေးပွဲတွင် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီး ဦးသောင်းထွန်းက လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများကို ပူးပေါင်းဆောင်ရွက်ရေး၊ စက်ရုံ အလုပ်ရုံများနှင့် အိမ်ထာင်စုများကြုံတွေ့ရသည့် ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများကို လျော့ပါးစေရေးအတွက် Covid-19 Fund နှင့် ဥရောပသမဂ္ဂ၏ ငွေကြေးပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိသည့် မြန်ကူအစီအစဉ်ကဲ့သို့ အစီအစဉ်များမှတစ်ဆင့် ငွေကြေးထောက်ပံ့မှုများ ဆောင်ရွက်လျက်ရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ဆွေးနွေးပွဲသို့ နိုင်ငံခြားကုန်သည်ကြီးများအသင်း ၁၅ ခုတို့မှ ကိုယ်စားလှယ် ၄၀၀ ကျော် တက်ရောက်ခဲ့ကြသည်။

S-07