News

POST TYPE

NEWS

စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ခွင့်ပြု
01-Jun-2020
ရန်ကုန်၊ မေ ၃၁

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ် နှံမှုကော်မတီအနေနှင့် စက်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းနှစ်ခုကို ခွင့်ပြုပေးလိုက်ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၈/၂၀၂၀ ကြိမ် မြောက်အစည်းအဝေးကို ၂၀၂၀ ပြည့်နှစ် မေလနောက်ဆုံးအပတ်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယင်းအစည်းအဝေးတွင် ခွင့်ပြုပေးလိုက်ခြင်းဖြစ်သည်။

စက်မှုကဏ္ဍတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁ ခုနှင့် မြန်မာနိုင်ငံသား ရင်းနှီး မြှုပ်နှံမှုလုပ်ငန်း ၁ ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများတွင် CMP စနစ်ဖြင့် အဝတ်အထည်ချုပ် လုပ်ခြင်းလုပ်ငန်း၊ ဆန်ဖြင့်ပြုလုပ်သည့် မုန့်အမျိုးမျိုး (ဆန်ကွတ်ကီး၊ ဆန် ဘီစကစ်၊ ဆန်ခရက်ကာ စသည်ဖြင့်) ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများပါဝင်ကြောင်း သိရသည်။

အဆိုပါအတည်ပြုရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်းပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၂ သန်းနှင့် မြန်မာကျပ်ငွေ ၁၆၀၄ သန်း ဖြစ်ပြီး စုစုပေါင်းလုပ်ငန်းနှစ်ခုတို့မှ ပြည် တွင်းအလုပ်အကိုင်အခွင့်အလမ်း ၂၉၉၆ ဦး အတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီထံမှ သိရသည်။

အစည်းအဝေးသို့ ရန်ကုန်တိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များက Video Conferencing စနစ်ကိုအသုံးပြု၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။ 

S-07