News

POST TYPE

NEWS

အမည်ပေါက်မဆောင်ရွက်သည့် ယာဉ်ပိုင်ရှင်ကို ကျပ်သုံးသိန်း ဒဏ်ရိုက်မည်
01-Jun-2020
ရန်ကုန်၊ မေ ၃၁

မော်တော်ယာဉ်အမည်ပေါက် ဆောင်ရွက်ထားခြင်းမရှိသည့် ယာဉ်ပိုင်ရှင်ကို ကျပ်သုံးသိန်းဒဏ်ရိုက်အ​ရေးယူ​မည်​ဖြစ်​ကြောင်း ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ​မော်တော်ယာဉ် စီမံခန့်ခွဲမှုဥပဒေ၏ ပြဋ္ဌာန်းချက်များအရ သိရသည်။

“ဒီအတိုင်းထိရောက်စွာ စစ်ဆေးဆောင်ရွက်သွားမယ်။ ယာဉ်ထိန်းရဲနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမှာပါဓ ဟု ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

အတည်ပြုပြဋ္ဌာန်းခဲ့သော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော် ယာဉ်စီမံခန့်ခွဲမှုဥပဒေတွင် အခန်းပေါင်း ၁၅ ခန်းပါဝင်ပြီး အခန်း ၁၃ တွင် ဖော်ပြ ထားသည့် တားမြစ်ချက်များကို ကျူးလွန် ပါက အခန်း ၁၄ ပါအတိုင်း ပြစ်ဒဏ် အပေါ်မူတည်၍ ငွေဒဏ်ဖြစ်စေ၊ ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်နှင့် ထောင်ဒဏ်နှစ်ရပ် စလုံးဖြစ်စေ ချမှတ်ရန်ပါရှိကြောင်း ပြဋ္ဌာန်းချက်အရ သိရသည်။

ပြဋ္ဌာန်းချက် အခန်း ၁၃ ပါ တားမြစ် ချက်များအနက် ပုဒ်မ ၇၇ တွင် မော်တော် ယာဉ်လက်ဝယ်ရှိသူ မည်သူမျှ မော်တော်ယာဉ်ပေးကမ်းခြင်းနှင့် ရောင်းချခြင်း ပြုလုပ်ရာ၌ မော်တော်ယာဉ်ပေးကမ်းသည့် နေ့ရက်၊ သို့မဟုတ် အရောင်းအဝယ် စာချုပ်ချုပ်ဆိုသည့်နေ့ရက်မှ ရက်ပေါင်း သုံးဆယ်အတွင်း မော်တော်ယာဉ်မှတ်ပုံတင် ထားသူ အမည်ပြောင်းလဲပေးနိုင်ရေး အတွက် လျှောက်ထားရန် ပျက်ကွက်ခြင်း မရှိစေရ၊ အမွေဆက်ခံခြင်းနှင့် မော်တော် ယာဉ်ပိုင်ဆိုင်ခွင့်ရရှိသည့် ကိစ္စရပ်တွင် မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည် ပြောင်းလဲ​ပေးရန် တရားဝင်ပိုင်ဆိုင်ခွင့် ရရှိသည့်ရက်မှ ရက်ပေါင်းသုံးဆယ်အတွင်း လျှောက်ထားရန် ပျက်ကွက်ခြင်းမရှိစေ ရ၊ မော်တော်ယာဉ် မှတ်ပုံတင်ထားသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားရာတွင် မော်တော်ယာဉ်ပေးကမ်းခြင်းနှင့် ရောင်းဝယ်ခြင်းစာချုပ်၌ ဝယ်ယူသူ၏ အမည်နှင့် နေရပ်လိပ်စာအပါအဝင် အခြား အချက်အလက်တစ်စုံတစ်ရာကို မမှန် မကန်ဖော်ပြခြင်း၊ ပြင်ဆင်ခြင်း၊ ချန်လှပ်ခြင်း၊ သို့မဟုတ် စာချုပ်ချုပ်ဆိုသည့် နေ့ရက် ကို မမှန်မကန်ဖော်ပြခြင်းတို့ကို မပြုလုပ်ရန် ကြေညာထားပြီး ဖောက်ဖျက်ကျူးလွန်ပါက ကျပ်သုံးသိန်းထက်မပိုသော ငွေဒဏ်ချမှတ်ရမည်ဟု အခန်း ၁၄ တွင် ပြဋ္ဌာန်းထားကြောင်း သိရသည်။

ဆက်နိုင်