News

POST TYPE

NEWS

ဗောဓိတစ်ထောင်ဆင်စခန်းမှဆင်များ တောပြန်
30-May-2020
ဓာတ်ပုံ- ဗောဓိတစ်ထောင်ဆင်ထိန်းသိမ်းရေးစခန်း

မုံရွာ ၊ မေ ၃၀ 

မုံရွာမြို့နယ် ဗောဓိတစ်ထောင်ဆင်ထိန်းသိမ်းရေးစခန်းမှ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်ကြီးခြောက်ကောင်နှင့်ဆင်ပေါက်တစ်ကောင် ပုလဲမြို့နယ်ရှိ ဆင်စခန်းသို့ ပြန်သွားပြီဖြစ်ကြောင်း ယင်းစခန်းမှတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရေရှားလို့ မဟုတ်ပါဘူး၊ ကိုဗစ်ကာလမို့ တောထဲပြန်ပို့ထားတာပါ၊ အလောင်းတော်တောနဲ့ဆက်စပ်နေတဲ့ မြောက်ယမားဆင်ထိန်းသိမ်းရေး စခန်းမှာပါ”ဟု ဆင်စခန်းကတာဝန်ရှိသူက ပြောဆိုသည်။

ဓာတ်ပုံ- ဗောဓိတစ်ထောင်ဆင်ထိန်းသိမ်းရေးစခန်း

ဗောဓိတစ်ထောင်ဆင်ထိန်းသိမ်းရေးစခန်းတွင် ဆင်အထီးငါးကောင်၊ ဆင်အမ ခုနစ်ကောင်ရှိပြီး ကိုဗစ် ၁၉ ကူးစက်ရောဂါကြောင့် ဧည့်သည်များ လာရောက်အပန်းဖြေခြင်းကို မတ်လ ၂၅ ရက်နေ့ကစ၍ ပိတ်ထားခဲ့ခြင်းကြောင့် ယခုကဲ့သို့ တောတွင်းသို့ ပြန်ပို့ထားခြင်းဖြစ်သည်။ 

မြန်မာ့သစ်လုပ်ငန်းစီမံခန့်ခွဲမှုအောက်တွင်ရှိသဖြင့် ကိုဗစ်ကာလပြီးဆုံး၍ အပန်းဖြေစခန်းပြန်ဖွင့်မှသာ ဆင်များကို ပြန်လည်ခေါ်ယူမည်ဟု ဗောဓိတစ်ထောင် ဆင်ထိန်းသိမ်းရေးစခန်းမှ တာဝန်ရှိသူက ပြောဆိုသည်။ 

R-08