News

POST TYPE

NEWS

အက်စတွန်ဗီလာနည်းပြ ဒင်းစမစ်၏ ဖခင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံး
29-May-2020


အင်္ဂလန်၊ မေ ၂၈

အက်စတွန်ဗီလာအသင်းနည်းပြ ဒင်းစမစ်၏ ဖခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ရွန်စမစ်သည် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခဲ့ရပြီးနောက် ဆုံးပါးသွားခဲ့ပြီဟု Dailymail က ဖော်ပြခဲ့သည်။ 

ဗီလာအသင်းအမာခံပရိသတ် ရွန်စမစ်သည် ကိုရိုနာဗိုင်းရပ်စ်နှင့် ၄ ပတ်ကြာ ရင်ဆိုင်ခဲ့ရပြီးနောက် လက်မြောက်အရှုံးပေးခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါသတင်း ထွက်ပေါ်လာခဲ့ပြီးနောက် အက်စတွန်ဇီလာအသင်းတရားဝင် ဝက်ဘ်ဆိုက်ဒ်မှ "လက်ရှိနည်းပြဒင်းစမစ်ရဲ့ဖခင်ဖြစ်သူ ရွန်စမစ်ဟာ အသက် ၇၉နှစ် အရွယ်မှာ ကွယ်လွန်ခဲ့တယ်လို့ သိရတဲ့အတွက် အက်စတွန်ဗီလာအသင်းရဲ့မိသားစုဝင်တွေအားလုံး ဝမ်းနည်းရပါတယ်။ လွန်ခဲ့တဲ့ ၆နှစ်တုန်းက စိတ်ဖောက်ပြန်တဲ့ရောဂါခံစားခဲ့ရလို့ နေအိမ်မှာစောင့်ရှောက်မှုခံခဲ့ရတဲ့ ရွန်ဟာ ကိုရိုနာကူးစက်ခံရပြီးတဲ့နောက် ဆေးရုံ ၄ ပတ်သာ တက်ရောက်ခဲ့ပြီးတဲ့နောက် ဆုံးပါးခဲ့တာဖြစ်ပါတယ်။ အသင်းကို တစ်သက်တာအားပေးခဲ့သူ တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ကလေးတွေကိုလည်း ကလပ်အသင်းနဲ့ပတ်သက်လို့ ချစ်ခြင်းမေတ္တာတွေ ပေးခဲ့သူတစ်ယောက်ပါ။ အခုလို စိတ်ပျက်စရာအကောင်းဆုံးအချိန်တွေမှာတော့ ကလပ်အသင်းနဲ့ပတ်သက်သူ အားလုံးဟာ သူ့ရဲ့မိသားစုဝင်တွေနဲ့ထပ်တူ ရှိနေပါတယ်"ဟု ရေးသားခဲ့သည်။ 

ရွန်စမစ်သည် သက်ရှိထင်ရှားရှိစဉ်အတွင်း၌ အက်စတွန်ဗီလာအသင်း အိမ်ကွင်းပွဲစဉ်များကို မလွတ်တမ်းအားပေးခဲ့သူဖြစ်ပြီး ၁၉၈၂ ခုနှစ်တွင် ဥရောပချန်ပီယံဖြစ်ခဲ့သည့် ဗီလာအသင်းပုံရိပ်နှင့် နေ့ရက်များကို မျက်မြင်တွေ့ရှိခဲ့သူဖြစ်သည်။

ငြိမ်းပြည့်