News

POST TYPE

NEWS

ရီးရဲလ်နှင့် ၂၀၂၃ ခုနှစ်အထိသက် တမ်းတိုးစာချုပ်ချုပ်ဆိုထားသည့် ကွင်းလယ်လူ ကက်စ်မီရို
28-May-2020


မက်ဒရစ်၊ မေ ၂၇

ရီးရဲလ်ကွင်းလယ်လူ ကက်စ်မီရိုသည် အသင်းနှင့် ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့ပြီးဖြစ်ကြောင်း Marca က ဖော်ပြခဲ့သည်။ 

ဘရာဇီးလက်ရွေးစင်သည်နောက်ပိုင်းနှစ်များတွင် ရီးရဲလ်၏အမာခံကွင်းလယ် ခံစစ်ကစားသမားအဖြစ်နေရာရနေပြီး   ယခုရာသီအတွင်း အသင်းအတွက်ပြိုင်ပွဲစုံ ၃၅ ပွဲအထိ ပါဝင်ကစားပေးထားသူဖြစ်သည်။ လက်ရှိစာချုပ်ကြောင့် ကက်စ်မီရိုသည် ဘာနေဗျူးတွင် နောက်ထပ် ၃ နှစ် ဆက်ရှိရန် သေချာသွားခဲ့ပြီဖြစ်သည်။ 

၎င်းသည် ၂၀၁၃ တွင် ရီးရဲလ်သို့ စတင်ရောက်ရှိလာခဲ့ပြီး အစောပိုင်းတွင် ပုံမှန်ပွဲထွက်ခွင့်အာမခံချက်မရှိခဲ့သောကြောင့် ရုန်းကန်ခဲ့ရပြီး ၂၀၁၄-၁၅ ဘောလုံးရာသီတွင် ပေါ်တိုအသင်းထံသို့ အငှားချခြင်းခံခဲ့ရသည်။ 



သို့ရာတွင် ရီးရဲလ်နည်းပြဇီဒန်းဖြစ် လာခဲ့ပြီးနောက် ကက်စ်မီရိုမှာအသင်း၏ အမာခံကွင်းလယ်လူအဖြစ် ဆက်တိုက်ပါဝင်ခွင့်ရခဲ့သည်။ 

တိုနီခရူးစ်၊ မိုဒရစ်တို့နှင့်အတူ အကောင်းဆုံးတွဲဖက်နိုင်ခဲ့သလို ၂၀၁၇ တွင် လာလီဂါချန်ပီယံဆုပိုင်ဆိုင်ခဲ့သည့်အပြင် ချန်ပီယံလိဂ်ဆုဖလားကို ၃ နှစ်ဆက်ရအောင် အဓိကနေရာမှပါဝင်ပေးခဲ့သည်။ 

ပြီးခဲ့သည့်နွေရာသီတွင် ၎င်းကို ပီအက်စ်ဂျီအသင်းက စိတ်ဝင်စားနေသည်ဟုသတင်းများထွက်ပေါ်ခဲ့သည်။ လက်ရှိတွင်မူ ရီးရဲလ်နှင့် စာချုပ်သစ် သဘောတူညီခဲ့ပြီဖြစ်သောကြောင့် အဆိုပါကောလာဟလများ အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။ 

ကက်စ်မီရိုသည် ဘရာဇီးလက်ရွေး စင်အသင်းအတွက် ၄၄ ပွဲ ပါဝင်ကစားထားသူဖြစ်ပြီး သွင်းဂိုး ၃ ဂိုး သွင်းယူပေးထားသလို ပြီးခဲ့သည့်နှစ် ကိုပါအမေရိကဖလားပြိုင်ပွဲတွင် အသင်းနှင့်အတူချန်ပီယံအဖြစ် အောင်ပွဲခံခဲ့သည်။                

ငြိမ်းပြည့်