News

POST TYPE

NEWS

ကလော့ပ်က လီဗာပူးကို အလွန်ရက်စက်တတ်လာအောင် လုပ်ဆောင်ပေးခဲ့သည်ဟု အမ်ဘာပီ ချီးကျူး
28-May-2020


လီဗာပူး၊ မေ ၂၇

လီဗာပူးအသင်းကို အနိုင်ရသည့် စက်တစ်လုံးအဖြစ် ပုံဖော်ပေးခဲ့သူမှာ နည်းပြကလော့ပ်ဖြစ်သည်ဟု ပီအက်စ်ဂျီ တိုက်စစ်မှူးအမ်ဘာပီက ချီးကျူးစကားဆိုခဲ့ကြောင်း The Daily Mirror ကဖော်ပြခဲ့သည်။ 

ပြင်သစ်ကြယ်ပွင့်သည် လီဗာပူး၊ ရီးရဲလ်တို့နှင့် အပြောင်းအရွှေ့ထွက်ပေါ် နေသူတစ်ဦးဖြစ်ပြီး အစောပိုင်းကာလများတွင်လည်း လီဗာပူးအသင်းနှင့်ပတ်သက်၍ ချီးကျူးမှုများ ပြုလုပ်ခဲ့ဖူးသူဖြစ်သည်။ 

ပီအက်စ်ဂျီအသင်းက အမ်ဘာပီကို တစ်ပတ်လုပ်ခ ပေါင် ၆၀ဝ,ဝ၀ဝ အထိ တိုးမြှင့်ပေးကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေသော်လည်း ကိုရိုနာအခက်အခဲကြောင့် ရှုပ်ထွေးသည့်အခြေအနေဖြစ် ပေါ်စေခဲ့သည်။ 

လီဗာပူးအသင်းသည် ကိုရိုနာကြောင့် ပရီးမီးယားလိဂ်ပွဲစဉ်ရပ်နားချိန်တွင် ဒုတိယနေရာမှ မန်စီးတီးအသင်းကို  ၂၅ မှတ်အထိ ဖြစ်ထားနိုင်ခဲ့သလို နည်းပြကလော့ပ်မှာ လီဗာပူးအသင်းကိုအညှာအတာကင်းပြီး ရက်စက်ကြမ်းကြုတ်တတ်လာအောင် လုပ်ဆောင်ပေးခဲ့သူဟု အမ်ဘာပီက ဆိုခဲ့သည်။ 

"ဒီရာသီမှာတော့ လီဗာပူးက ပရီးမီးယားလိဂ်ရဲ့စက်တစ်လုံး ဖြစ်ခဲ့ပါတယ်။ သူတို့နိုင်ပွဲတွေရနေတာကို ကြည့်ရတာ လွယ်သလိုရှိပေမဲ့ အမှန်တရားအတိုင်းဆိုရင်တော့ တကယ်ကိုမလွယ်တာပါ။ သူတို့လို စွမ်းဆောင်ရည်က ဖြစ်ပျက်ရုံမျှမဟုတ်ပါဘူး။ သူတို့ရက်စက်ကြမ်းကြုတ်တတ်လာတာဟာ လေ့ကျင့်ရေးမှာ အလွန်တော်တဲ့နည်းပြတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကနေ ဖြစ်လာတာပါ"ဟု အမ်ဘာပီက ချီးကျူးစကားဆိုခဲ့သည်။ 

သတင်းများ၏အဆိုအရ လီဗာပူးနည်းပြကလော့ပ်သည် အမ်ဘာပီ၏ဖခင်ဖြစ်သူနှင့် တွေ့ဆုံမှုများရှိခဲ့ကြောင်းသိရပြီး  ၎င်းကိုယ်တိုင်က အားကစားရှုထောင့်မှကြည့်လျှင် အမ်ဘာပီကဲ့သို့ကစားသမားကို အသင်းအတွက် လက်မှတ်ထိုးခေါ်ယူရန် အကြောင်းပြချက်များစွာမရှိဟု ဖွင့်ဟထားသည်။

ငြိမ်းပြည့်