News

POST TYPE

NEWS

ချောက်မြို့ပေါ်ရှိ တံတားငါးစင်းကို ကျပ်သိန်း ၅၅၀ သုံးစွဲကာပြုပြင်
26-May-2020
ချောက်၊ မေ ၂၆

မကွေးတိုင်း ချောက်မြို့ရှိ ချောင်းကူးတံတားငါးစင်းကို ယခုဘဏ္ဍာနှစ်၏ငွေလုံးငွေရင်းဘတ်ဂျက်မှ ကျပ်သိန်း ၅၅၀ သုံးစွဲကာ ပြုပြင်နေသည်ဟု ချောက်မြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ယင်းတံတားများသည် နှစ်ကာလကြာမြင့်နေပြီဖြစ်ကာ တံတားကြမ်းခင်းနှင့် သံပေါင်များဟောင်းနွမ်း ဆွေးမြေ့နေပြီး ခံနိုင်ဝန်အား မရှိတော့သဖြင့် ပြုပြင်ခြင်းဖြစ်သည်ဟု စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးနေမန်းက ပြောဆိုသည်။

အမှတ် ၉ ရပ်ကွက်၊ ကားကြီးကွင်းအဝင်တံတားကို ကျပ်သိန်း ၁၅၀ ၊ အမှတ် ၁၁ နှင့် ဗဟိုကွက်သစ် ရပ်ကွက်ဆက်သွယ်ထားသော မြေစာရင်းလမ်းတံတားကို ကျပ် ၁၅ သိန်း၊ အမှတ် ၉ ရပ်ကွက်နှင့် ကင်မွန်ခြုံရပ်ကွက်ဆက်သွယ်ထားသော ရတနာသိန်းဆိုင်အနီးရှိတံတားကို ကျပ်သိန်း ၁၅၀ ၊ အမှတ် ၇ ရပ်ကွက်၊ ဘောလုံကွင်းလမ်းရှိ တံတားကို ကျပ်သိန်း ၁၈၀ နှင့် အမှတ် ၉ ၊ ဦးစွန်းနားဆိုင်အနီးရှိ တံတားကို ကျပ် ၅၅ သိန်းသုံးစွဲပြီး ပြုပြင်နေသည်ဟု ယင်းမြို့ စည်ပင်သာယာရေးအဖွဲ့မှ တံတားတည်ဆောက်ရေး တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ -၂ ဒေါ်မေဇော် က ပြောကြားသည်။

ဓမြေစာရင်းလမ်းပေါ်မှာရှိတဲ့တံတားက မြေပြင်အနေအထားအရ ရေသွားလမ်းကြောင်း ၁၀ ပေဖြစ်အောင် ချဲ့တယ်။ ကားကြီးကွင်းအဝင် တံတားက ကောင်းမွန်တဲ့သံပေါင်တွေနဲ့အစားထိုးပြုပြင်နေတယ်။ ဦးစွန်းနားဆိုင်အနီးမှာရှိတဲ့တံတာက လူသွားလမ်း တစ်ဘက်လေးပေ အကျယ်ဖြစ်အောင်ချဲ့တာပါဓ ဟု ၎င်းက ရှင်းပြသည်။

ယင်းလုပ်ငန်းများကို ဧပြီလလယ်ကစတင်လုပ်ဆောင်နေခြင်းဖြစ်ပြီး တံတားငါးစင်းစလုံး ဇွန်လကုန်တွင် ပြီးစီးမည်ဖြစ်ကြောင်းလည်း ဒေါ်မေဇော်က ဆက်လက်ပြောဆိုသည်။

R-11