News

POST TYPE

NEWS

စစ်ကိုင်းတိုင်းတွင် လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင်များ ပြန်ဖွင့်ခွင့်ပြု
26-May-2020


မုံရွာ၊ မေ ၂၅

စစ်ကိုင်းတိုင်းအတွင်းမှ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန​၏ စည်းကမ်းသတ်မှတ်ချက်များအတိုင်း ပြန်ဖွင့်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

“ပြည်ထောင်စုအစိုးရက မေ ၁၈ နေ့က စာထွက်ပါတယ်။ ဆိုင်ရှင်တွေလိုက် နာရမယ့်စည်းကမ်း၊ စားသုံးသူတွေလိုက် နာရမယ့်စည်းကမ်းတွေနဲ့ညီရင် ဖွင့်ခွင့်ပြု ပါတယ်။ စည်ပင်၊ ကျန်းမာရေးနဲ့ စီ/ခန့် (စီမံခန့်ခွဲရေးကော်မတီ)က စည်းကမ်းနဲ့ညီ၊ မညီ စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ပြုပါတယ်”ဟု စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးသစ်ထူးမြင့်က ပြောကြားသည်။

စားသောက်ဆိုင်နှင့်လက်ဖက်ရည် ဆိုင်များတွင် လာရောက်စားသုံးသူများ ကို ကိုယ်အပူချိန်တိုင်းခြင်း၊ လက်ဆေးခြင်း၊ စားပွဲဝိုင်းတွင် မှန်၊ ကတ်ထူ၊ ပလတ် စတစ် အကာအကွယ်များ ခြားထားခြင်း၊ လေးဦးထက် မပိုခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ထားပါက ဆိုင်ထိုင်ခွင့်ရမည် ဖြစ်ပြီး ဆိုင်ရှင်များ၊ စားပွဲထိုးများလိုက်နာရမည့် စည်းကမ်းချက်များထားရှိကာ လိုက်နာဆောင်ရွက်ရမည်ဟု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက မေ ၁၈ နေ့ တွင် ထုတ်ပြန်ထားသည်။

လက်ဖက်ရည်ဆိုင်နှင့်စားသောက် ဆိုင်များကို စည်းကမ်းချက်များအတိုင်း ဆိုင်ထိုင်စားသောက်ခွင့် ခွင့်ပြုထားသော်လည်း ကာရာအိုကေကဲ့သို့သော အပန်းဖြေဆိုင်များ မပါဝင်သေးဟု စစ်ကိုင်းတိုင်း စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

R-08