News

POST TYPE

NEWS

သားအမိနှစ်ဦးကို အဓမ္မပြုကျင့်သည်ဟုဆိုကာ ညောင်ဝိုင်းဆရာတော်အား ရဲစခန်းတွင် အမှုဖွင့်
26-May-2020
ရန်ကုန်၊ မေ ၂၅

သာကေတမြို့နယ်၊ ၈ ရပ်ကွက်၌ မေလ ၂၄ ရက်နေ့တွင် ညောင်ဝိုင်းဆရာ တော်က သားအမိနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည်ဟုဆိုကာ ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ သာကေတမြို့နယ်၊ အမှတ် ၈ ရပ်ကွက် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းတွင် အဓမ္မပြုကျင့်ခံရသူကို သူနာပြုအဖြစ် ၂၀၁၈ ခုနှစ်မှ ကျောင်းထိုင် ဆရာတော်က ငှားရမ်းခဲ့ကာ သမီးဖြစ်သူနှင့်ရောက်ရှိလာခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ကျောင်းထိုင်ဆရာတော်က အဓမ္မပြုကျင့်ခဲ့ကြောင်း တိုင်ကြားစာတွင် ဖော်ပြထားသည်။

ကျောင်းထိုင်ဆရာတော်သည် ကာယကံရှင်မိန်းကလေးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ပြီးနောက် ဧပြီလ ၂၄ ရက် နှင့် ၂၇ ရက်နေ့တွင် အသက် ငါးနှစ်အရွယ်ရှိ သမီးငယ်ကို နှစ်ကြိမ်တိုင် သားမယားအဖြစ် ထပ်မံပြုကျင့်ခဲ့သဖြင့် သာကေတ မြို့မရဲစခန်းသို့ မေလ ၂၄ ရက်နေ့တွင် ကာယကံရှင်အမျိုးသမီးက တိုင်ကြားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

သာကေတမြို့မရဲစခန်းက ပြစ်မှုကျူးလွန်သူ ညောင်ဝိုင်းဆရာတော် ဦးကောဝိဒါစာရ ကို (ပ) အမှတ် ၆၂၂/ ၂၀၂၀၊ ပုဒ်မ ၃၇၆၊ ၃၇၇၊၂၉၅-က တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်ထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

J-01