News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ငါးသန်းကျော်ရှိ
22-May-2020
နိုင်ငံအတော်များများတွင် ဖြေလျှော့မှုများ ပြန်လည်ပြူလုပ်ပေးနေပြီဖြစ်သည်

နယူးယောက်၊ မေ ၂၁

ကမ္ဘာလုံးအနှံ့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေးသင့်ခဲ့ရာတွင် ယခုအခါကူးစက်ခံရသူ စုစုပေါင်း ၅ သန်းကျော်သွားပြီဖြစ်ကြောင်း နိုင်ငံစုများ ကိန်းဂဏန်းများကို စုစည်းဖော်ပြနေသည့် သတင်းစာမျက်နှာများက ဖော်ပြထားသည်။

Coivd-19 ရောဂါဖြင့် သေဆုံးခဲ့ရသူ စုစုပေါင်း ကမ္ဘာအနှံ့ ၃၂၈,ဝ၀ဝ ရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိ်ုလ်မှ လေ့လာသူများက ထုတ်ပြန်ထားသည်။

ရောဂါရှိပြီး မှတ်တမ်းမဝင်သူများ၊ ရောဂါမပေါ်သူများလည်းရှိသဖြင့် ကူးစက်ခံရမှုမှာ ယခုထက်များနိုင်ကြောင်း တာဝန်ရှိသူများက သတိပေးထားသည်။

ကူးစက်မှုနှုန်းများ မရပ်သေးသော်လည်း ကျောင်းများပြန်ဖွင့်သည့် ရာသီသို့ရောက်လာပြီဖြစ်ရာ ကျောင်းပြန်ဖွင့်သင့်မသင့် ဆွေးနွေးမှုများရှိလာသည်။

ဂျာမနီဘွန်ဒစ်လီဂါပွဲများ ပရိသတ်မပါဘဲ ကွင်းပိတ်ပြန်ကစားနေပြီဖြစ်သော်လည်း အင်္ဂလိပ်ပရီးမီးယားလိဂ်တွင်မူ  ကစားသမားအချို့ Coivd-19 ကူးစက်ခံထားရသဖြင့် ပြန်မစနိုင်သေးချေ။

အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သော ဗီယက်နမ်တွင် ပြည်တွင်းခရီးသွားလုပ်ငန်းများကို ပြန်လည်စတင်ခွင့်ပြုလိုက်ပြီးနောက် လူအများသွားလာလှုပ်ရှားလျက်ရှိနေချေပြီ။

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့ သားငါးဈေးတစ်ခုအနီးမှစတင်ခဲ့သည်ဟု ယူဆရသော ကပ်ရောဂါသည် ကမ္ဘာအနှံ့သို့ ပျံ့နှံ့သွားခဲ့ပြီး ယခုလိုကူးစက်ခံရသူ ငါးသန်းကျော်သွားခြင်းဖြစ်သည်။

ရောဂါကူးစက်ခံရသူ အများဆုံးတိုင်းပြည်အဖြစ် အမေရိကန်ပြည်ထောင်စုက ထိပ်ဆုံးမှ ရပ်တည်နေပြီး ကူးစက်ခံရသူများကို လျင်မြန်များပြားစွာ စစ်ဆေးနိုင်သဖြင့် ဂုဏ်ယူသင့်ပါကြောင်း သမ္မတထရမ့်က ပြောကြားခဲ့သည်။ 

ကပ်ရောဂါဘေးကာလအတွင်း WHO ၏ ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး အမေရိကန်အစိုးရက ဝေဖန်လျက်ရှိကာ  ထည့်ဝင်ငွေများကိုလည်း ရပ်ဆိုင်းလိုက်သည်။ 

ရောဂါကုသဆေးနှင့် ကာကွယ်ဆေးရရှိရန်အတွက် EU ဦးဆောင်၍ အလှူရှင်အဖွဲ့အစည်းများ၊ နိုင်ငံတော် အစိုးရများ၊ ဒေါ်လာ ၈ ဘီလီယံ ထည့်သွင်းထားကြပြီး သုတေသနလုပ်ငန်းများကို အရှိန်မြှင့်လျက်ရှိသည်။             

F-02