News

POST TYPE

NEWS

အရှင်ဆန္ဒာဓိကနှင့် ဒါယကာများ ရန်ကုန်မြို့ရှိဆေးရုံများအတွက် ကျန်းမာရေးသုံးပစ္စည်းများလှူဒါန်း
22-May-2020


ရန်ကုန်၊ မေ ၂၁

ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိကနှင့် ဒါယကာ၊ ဒါယိကာမများက ရန်ကုန်မြို့ရှိ ဆေးရုံများနှင့် မင်္ဂလာဒုံ ခုတင် ၁၀ဝ၀ အမှတ် ၁ တပ်မတော်ဆေးရုံ၊ မှော်ဘီအမှတ် ၆ စစ်မြေပြင် ဆေးတပ်ရင်းအတွက် ကျန်းမာရေးသုံးပစ္စည်းများကို ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်ရှိ ရွှေပါရမီစံကျောင်းတော်တွင် လှူဒါန်းခဲ့ကြောင်း ဆရာတော်ထံမှသိရသည်။

ရွှေပါရမီတောရ ဆရာတော်က ငွေကျပ် ၃၃၅ သိန်း နှင့် ဒါယကာ၊ ဒါယိကာမများက ငွေကျပ် ၁၁၅ သိန်း စုစုပေါင်း ငွေကျပ် သိန်း ၄၅၀ တန်ဖိုးရှိသော ခွဲစိတ် ခန်းသုံး နှာခေါင်းစည်း ၄၀,ဝ၀ဝ ၊  KN 95 နှာခေါင်းစည်း ၄၀ဝ၀၊ PPE အကာအကွယ် ဝတ်စုံ ၃၀ဝ၊ ခွဲစိတ် ခန်းသုံးမျက်မှန် ၃၀ဝ၊ ခွဲစိတ်ခန်းသုံး ဝတ်ရုံ ၂၀ဝ၀၊ ခွဲစိတ်ခန်းသုံးဝတ်ရုံနှင့် ဦးထုပ် ၃၀ဝ၀၊ ခါးစည်းရှေ့ဖုံး ၁၀,ဝ၀ဝ၊ ခွဲစိတ်ခန်းသုံးလက်အိတ် ၁၀ဝ၀ ၊ ECG စက်တစ်လုံး၊ ကျန်းမာရေးသုံးပစ္စည်းတို့ကို မင်္ဂလာဒုံ ခုတင် ၁၀ဝ၀ အမှတ် ၁ တပ်မတော်ဆေးရုံ၊ မှော်ဘီအမှတ် ၆  စစ်မြေပြင် ဆေးတပ်ရင်းနှင့် ရန်ကုန် အရှေ့ပိုင်းဆေးရုံ၊ ရန်ကုန် အနောက်ပိုင်း ဆေးရုံ၊ လှိုင်သာယာဆေးရုံ၊ သန်လျင်ဆေးရုံ၊ တောင်ဥက္ကလာပ COVID-19 ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး ကုသရေး ဦးစီးဌာန လက်အောက်ရှိ မြို့နယ်ဆေးရုံများအပါအဝင် တိုက်နယ်ဆေးရုံများနှင့် We Love Yangon ပရဟိတအဖွဲ့တို့ကို ပေးအပ်လှူဒါန်းခဲ့ကြောင်း ရွှေပါရမီတောရ ဆရာတော်ထံမှသိရသည်။

ထို့ပြင် စာပေလောကသားများအတွက်လည်း ငွေကြေးနှင့် အခြေခံစားသောက်ကုန်များကို မေလ ၂၀ ရက်က အဆိုပါရွှေပါရမီစံကျောင်းတော်၌ ပေးအပ်လှူဒါန်းခဲ့ပြီး စာရေးဆရာ၊ ကဗျာဆရာ၊ ကာတွန်းဆရာ၊ သရုပ်ဖော်ပန်းချီဆရာ၊ အယ်ဒီတာ၊ သတင်းထောက် နှင့် စာပေအနုပညာရှင်များပါဝင်သည့် စာပေလောကသားများအားတစ်ဦးလျှင် ငွေကျပ်ငါးသောင်းနှင့် စားနပ်ရိက္ခာများ ပေးအပ်လှူဒါန်းရန် ရွှေပါရမီတောရ ဆရာတော်အရှင်ဆန္ဒာဓိက က မတည်ငွေ ကျပ်သိန်း ၁၀ဝ၊ ဒါယကာ၊ ဒါယိကာမများက ငွေကျပ် ၁၆၂  သိန်းဖြင့် စုစုပေါင်း ကျပ် ၂၆၂ သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

J-03