News

POST TYPE

NEWS

လေးမျက်နှာဘုရားတွင် လူသတ်မှုကျူးလွန်သူကို စလင်းတွင်ဖမ်းမိ
01-May-2020
 

ချောက်၊ မေ ၁

ချောက်မြို့ မီးရထားဘူတာအနီးရှိ မဟာဗောဓိ အရဟံ ရွှေစေတီ (မြို့ဦးစေတီ လေးမျက်နှာ ဘုရား)အတွင်း၌ ဖြစ်ပွားခဲ့သော လူသတ်မှုမှ တရားခံရကို ဧပြီ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

လေးမျက်နှာ ဘုရားအတါင်း ဘုရားဝေယျာဝစ္စ ဆောင်ရွက်နေသော အသက် ၅၇ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဧပြီ ၂၆ ရက်က အသတ်ခံခဲ့ရပြီး  တရားခံဟုဆိုသူမှာ ဘုန်းကြီးလူထွက်တစ်ဦးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။ 

"ရထားလက်မှတ်တစ်စောင်တွေ့တယ်။ အဲဒီရထားလက်မှတ်ကို အခြေခံပြီး လိုက်တာ။ အခြေခံလိုက်တော့ ချောက်မြို့ထဲက ဘုန်းကြီးကျောင်းတစ်ကျောင်းက ရဟန်းလူထွက်၊ ဘုန်းကြီးလူထွက်ရဲ့ ဓါတ်ပုံကို ရအောင်ယူပြီးတော့ နီးစပ်တဲ့မြို့နယ်တွေကို ဖြန့်တယ် " ချောက်မြို့ မြို့မရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းသို့ ဓါတ်ပုံဖြန့်ဝေလိုက်ပြီးနောက် စလင်းရဲစခန်းတွင် အရက်မူးပြီး ရန်ဖြစ်သူတစ်ဦးရောက်ရှိလာကာ ၎င်းသည် လူသတ်မှုကျူးလွန်သူနှင့်  အမည်နှင့် ပုံစံကိုက်ညီမှုရှိသဖြင့် ချောက်ရဲစခန်းမှ သွားရောက်ခေါ်ဆောင်စစ်ဆေးရာ ၀နျခံခဲ့ကွောငျး ယင်းတာ၀န်ရှိသူက ရှင်းပြသည်။ 

ဧပြီ ၂၆ ရက်က ချောက်မြို့ မီးရထားဘူတာအနီးရှိ မဟာဗောဓိ အရဟံ ရွှေစေတီ (မြို့ဦးစေတီ လေးမျက်နှာ ဘုရား)တွင် အလှူခံပုံး တစ်ပုံအဖောက်ခံရပြီး ယင်းဘုရားအတွင်းနေထိုင်သော အသက် ၅၇ နှစ်အရွယ် အမျိုးသားမှာ ဝဲလ်ဘက်ဂျိုးစောင်း ပေါက်ပြဲဒဏ်ရာဖြင့် အသတ်ခံခဲ့ရသည်။

ထို့ကြောင့် တရားခံဟုဆိုသူ ပြည်မြို့နေ ကိုမျိုးလွင် ၃၉ နှစ် အား စလင်းမြို့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းအား ချောက်မြို့မရဲစခန်းက ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။ 

R 11


ဓါတ်ပုံ ရဲတပ်ဖွဲ့