News

POST TYPE

NEWS

VOM အယ်ဒီတာချုပ်ကိုနေလင်း ပြန်လည် လွတ်မြောက်
09-Apr-2020



မန္တလေး ဧပြီ ၉


အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခြင်းခံရသော မန္တလေးအခြေစိုက် VOMအယ်ဒီတာချုပ် ကိုနေလင်း(ခ)ကိုနေမျိုးလင်းကို ယနေ့ (ဧပြီလ ၉ ရက်နေ့) ညပိုင်းတွင် ပြန်လည် လွှတ်မြောက်လာကြောင်းသိရသည်။ 


ကိုနေလင်းကို မတ်လ ၃၀ ရက်နေ့ ညပိုင်းက ဖမ်းဆီးခဲ့ကာ ချမ်းမြသာစည်မြို့နယ်တရားရုံးက မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ပထမချုပ်ရက်ရမန်ကိုလည်းကောင်း၊ ယနေ့
ဧပြီလ ၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ ဒုတိယချုပ်ရက်ရမန်ကို ပေးခဲ့သောလည်း ယင်းနောက် ဧပြီလ ၉ ရက်နေ့ ညပိုင်းတွင် ပြန်လည် လွှတ်မြောက်လာခဲ့ခြင်းဖြစ်သည်။

အိမ်တံခါး လာခေါက်တော့ ဖွင့်လိုက်တဲ့ အချိန် သူကိုလည်း တွေ့တယ် ၊ နောက်မှာ ရဲ တွေလည်းတွေ့တယ်ဆိုတော့ ဟာ ဒုက္ခပါပဲ CID က သူကို ခေါ်ပြီး အိမ် မှာနောက်တစ်ခေါက် ပြန် လာရှာပြန်ပြီလားလိုထင်မိတာ ။ ဘာလာလုပ်တုန်းလို့ မေးမိလိုက်တယ်.။ကိုနေလင်း က သူကိူလွတ်ပေးလိုက်ပြီ..ည၈ နာရီ က ထောင်မှာလာထုတ်တာ တဲ့လုပ်စရာရှိတာလုပ် ပစ္စည်းတွေ ဘာတွေယူပြီ ..အိမ်အထိ ပြန်ပို့ပေးတာ ပါ ဟု ကိုနေလင်း ၏ ဇနီးဖြစ်သူ မဇာနည်မာန် က The Voice သို့ ပြောသည်။

AA ပြောရေးဆိုခွင့်ရှိသူနှင့် မတ်လ ၂၇ ရက်နေ့က အင်တာဗျူး ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်းက တရားလို ပြုလုပ်ကာ မန္တလေးမြို့ အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊
၅၂(က) တို့ဖြင့် အမှုဖွင့် အရေးယူခဲ့ခြင်းဖြစ်သည်။
United League of Arakan (ULA)/AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

S-02