News

POST TYPE

NEWS

ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးကို မြဝတီတွင် ဖမ်းမိ
09-Apr-2020



ရန်ကုန်၊ဧပြီ ၉

အိမ်အကူ မိန်းကလေးကို အက်စစ်ဖြင့်ပက်သော ရုပ်ရှင်သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးကိုယနေ့ ဧပြီလ ၉ ရက် ညနေပိုင်းက မြဝတီတွင် DKBAတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ရဲတပ်ဖွဲ့သို့ အပ်နံမည်ဖြစ်ကြောင်း ဗိုလ်မှုးကြီးစောကျော်သန်းဌေးက ပြောသည်။

"ခင်ဗျားတို့ ​The Voice မှာဖတ်ရတယ် ဒီသတင်းက ဟိုးလေးကျော်နေတာ အခု မြဝတီရဲစခန်းကိုလွဲပေးမှာပါ"ဟု ၄င်းကပြောသည်။

မြဝတီမြိုနယ်တွင် ရုပိရှင်သရုပ်ဆောင်မင်းရာဇာနှင့်ဇနီးဖြစ်သူကို DKBAအမှတ်၉၁၀တွင် ညနေပိုင်းက ဖမ်းမိခဲ့ကြောင်း မြဝတီမြိုနယ် DKBA မှ ဆက်ဆံရေးရုံးမှ ဗိုလ်ကြီးဇော်မင်းကပြောသည်။

လက်ရှိအခြေအနေတွင် ရုပ်ရှင်သရုပ်ဆောင် မင်းရာဇာနှင့်ဇနီးအား မြဝတီရဲစခန်းသို့သွားရောက်အပ်နှံနေကြောင်း ၄င်းကပြောသည်။

အိမ်အကူမိန်းကလေးကို အက်စစ်ဖြင့်ပက်သည့် မင်းရာဇာပါ ၃ဦးအမှုမှ ဦးမောင်မောင်ကို ဧပြီလ ၈ရက် မွန်းလွဲပိုင်းက ၄င်းနေထိုင်ရာ ရွှေပေါက်ကံအမှတ် ၁၄ရပ်ကွက် ကုန်းဘောင်လမ်းနေအိမ်တွင် ဖမ်းဆီးရမိခဲ့ကြောင်း ရွှေပေါက်ကံမြိုမရဲတပ်ဖွဲ့စခန်းမှသိရသည်။

ရွှေပေါက်ကံရဲစခန်းမှ ပြစ်မှုကျူးလွန်သူ.တာမွေမြို့နယ်၊ကျောက်မြောင်းရပ်ကွက်၊ဇောတိကလမ်းနေရုပ်ရှင်သရုပ်ဆောင်မင်းရာဇာ၊ဇနီးဖြစ်သူမဖူးငုံပွင့်၊နှင့်ဦးမောင်မောင်အေးတို့ကို (ပ)အမှတ် ၅၀၅/၂၀၂၀ ၊ပုဒ်မ ၃၂၄၊၃၂၅၊၃၅၄၊၁၁၄တို့ဖြင့် အမှုဖွင့်ထားပြီး တာမွေ ရဲစခန်းမှလည်း   ( ပ )၈၀၂/၂၀၂၀ ပုဒ်မ ၃၇၆နဲ့ပါ အမှုဖွင့်ထားကြောင်း အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

J-01