News

POST TYPE

NEWS

ရင်းနှီးမြှုပ်နှံမှု ဝန်ဆောင်စရိတ်နှုန်းထား ၅ဝ ရာခိုင်နှုန်းလျှော့ချ
09-Apr-2020
ရန်ကုန်၊ ဧပြီ ၉

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ဧပြီလ ၂၀ ရက်နေ့မှစတင်၍ မူလဝန်ဆောင်စရိတ်နှုန်းထား၏ ၅၀ ရာခိုင်နှုန်းသို့ လျှော့ချ၍ လျှောက်ထားလွှာနှင့် ဝန်ဆောင်စရိတ်နှုန်းထားများကို ပြင်ဆင်သတ်မှတ်လိုက်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ကမ္ဘာ့နိုင်ငံအများစုတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားနေမှုကြောင့် မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမည့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပြည်တွင်းရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ၊ အတည်ပြုမိန့်နှင့် ခွင့်ပြုမိန့်ရရှိထားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအနေနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်နှင့် အသုံစရိတ်များလျော့ကျပြီး လုပ်ငန်းများအဆင်ပြေစွာ ဆောင်ရွက်နိုင်ရေးအတွက် ပြင်ဆင်သတ်မှတ်ပေးခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

ဝန်ဆောင်မှုများအနေနှင့် ရင်းနှီးမြှုပ်နှံမှု စုံစမ်းမေးမြန်းခြင်းလျှောက်ထားလွှာအတွက် ငွေကျပ် ၇,၅၀၀၊ အဆိုပြုချက် (စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ အောက်)၊ အတွက် ကျပ် ၅၀,၀၀၀၊ အဆိုပြုချက် (စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁,၀၀၀,၀၀၀ နှင့် ၂၀,၀၀၀,၀၀၀ အကြား) ကျပ် ၁၀၀,၀၀၀၊ အဆိုပြုချက် (စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုးအမေရိကန်ဒေါ်လာ ၂၀,၀၀၀,၀၀၁ နှင့် ၁၀၀,၀၀၀,၀၀၀ အကြား) ကျပ် ၁၅၀,၀၀၀၊ အဆိုပြုချက် (စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၀,၀၀၀,၀၀၁ နှင့်အထက်) အတွက် ကျပ် ၂၅၀,၀၀၀ လျှော့ချကောက်ခံကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ထို့ပြင် အတည်ပြုလျှောက်ထားလွှာအတွက် ကျပ် ၂၅,၀၀၀၊ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့် လျှောက်ထားလွှာတင်ပြခြင်း (စုစုပေါင်းရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀,၀၀၀,၀၀၀ အောက်) အတွက် ကျပ် ၅၀,၀၀၀၊ မြေအသုံးပြုခွင့် လျှောက်ထားလွှာတင်ပြခြင်းအတွက် ကျပ် ၅၀,၀၀၀၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၄၈ (ခ) အရ ချမှတ်သောဆုံးဖြတ်ချက်အတွက်ရှင်းလင်းချက်တောင်းခံခြင်း ကျပ် ၄၀,၀၀၀ ကောက်ခံမည်ဖြစ်သည်။

ခွင့်ပြုမိန့်ပြင်ဆင်ခြင်းအတွက် ကျပ် ၅၀,၀၀၀၊ အတည်ပြုမိန့်ပြင်ဆင်ခြင်းအတွက် ကျပ် ၂၅,၀၀၀၊ အခွန်ကင်းလွတ်ခွင့်နှင့် သက်သာခွင့်ပြင်ဆင်ခြင်းအတွက် ကျပ် ၅၀,၀၀၀၊ မြေအသုံးပြုခွင့်ပြင်ဆင်ခြင်းအတွက် ကျပ် ၅၀,၀၀၀၊ နိုင်ငံခြားသား ကျွမ်းကျင်သူများအတွက် အလုပ်လုပ်ခွင့်လျှောက်ထားခြင်းအတွက် ကျပ် ၂၅၀၀၊ ခွင့်ပြုမိန့် (မိတ္တူမှန်) ထုတ်ယူခြင်းအတွက် ကျပ် ၃၇၅,၀၀၀၊ အတည်ပြုမိန့် (မိတ္တူမှန်) ထုတ်ယူခြင်းအတွက် ကျပ် ၂၅၀,၀၀၀ ပြင်ဆင်သတ်မှတ်လိုက်ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ သိရသည်။

အဆိုပါသတ်မှတ်ချက်များသည် Covid-19 ရောဂါဖြစ်ပွားနေမှုနှင့်စပ်လျဉ်းသည့် နိုင်ငံတော်၏ကြေညာချက်များအရ သက်ရောက်မှုရှိသည့်ကာလအထိသာ အကျုံးဝင်မည်ဖြစ်ပြီး ယင်းကာလကုန်ဆုံးပါက လျှောက်ထားလွှာနှင့် ဝန်ဆောင်စရိတ်နှုန်းထားများကို ပြန်လည်ပြင်ဆင်သတ်မှတ် ကြေညာမည်ဖြစ်ကြောင်း ကော်မရှင်က ကြေညာထားသည်။

S-07