News

POST TYPE

NEWS

VOMအယ်ဒီတာချုပ် ကိုနေလင်းကို ဒုတိယအကြိမ်ချုပ်ရမန်ယူ
09-Apr-2020


မန္တလေး ၊ ဧပြီ ၉

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခြင်းခံရသာ မန္တလေးအခြေစိုက် VOM အယ်ဒီတာချုပ်ကိုနေလင်း(ခ)ကိုနေမျိုးလင်းကို ယနေ့(ဧပြီလ ၉ ရက်နေ့)က ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့သည်။

“ကျွန်တော် ငြိမ်းချမ်းရေးအတွက်ရေးတာကို သေဒဏ်တိုက်ထဲမှာ တံခါး ၃ ထပ်နဲ့ထားပါတယ် ။ငြိမ်းချမ်းရေးအတွက် ပေးတဲ့အစိုးရဆုလာဘ်ကလက်ထိပ်တဲ့ ကျွန်တော့ကို သေဒဏ်ထဲမှာထားပါတယ်"ဟု တရားရုံးမှ အိုးဘိုထောင်သို့ ပြန်လည်ထွက်ခွာရာတွင် ကိုနေလင်းက ပြောကြားသည်။

ယင်းဒုတိယအကြိမ်ရမန်ကို ၉ ရက်နေ့ကနေ ၂၃ ရက်နေ့အထိ ချုပ်ရက်ရမန် ပေးခဲ့ကြောင်းချမ်းမြသာစည်မြို့ နယ်တရားရုံးပြန်ကြားရေးအရာရှိဦးကျော်စွာလင်းက ပြောကြားသည်။



AA ပြောရေးဆိုခွင့်ရှိသူနှင့် မတ်လ ၂၇ ရက်နေ့က အင်တာဗျူး ထုတ်လွှင့်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးသတင်းတပ်ဖွဲ့ ဒုရဲမှူးကြီးခင်မောင်ဝင်းက တရားလိုပြုလုပ်ကာ မန္တလေးမြို့အမှတ် ၁၀ ရဲတပ်ဖွဲ့စခန်းတွင် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)၊၅၂(က) တို့ဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၀(က)မှာ အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တစ်သက်တစ်ကျွန်း၊အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ၅၂(က)မှာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်အများဆုံး ထောင်ဒဏ် ၇ နှစ် ပြစ်ဒဏ်ကျခံနိုင်သော ပုဒ်မများဖြစ်သည်။



United League of Arakan (ULA)/AA လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အုပ်စုနှင့် မတရားအသင်းအဖြစ် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနတို့က မတ်လ ၂၃ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

S-02