News

POST TYPE

NEWS

သင်္ကြန်ရုံးပိတ်ရက်အတွင်း မြို့ပတ်ရထားများ ပြေးဆွဲပေးမည်
08-Apr-2020


ရန်ကုန်၊ဧပြီ -၈

ခရီးသွားပြည်သူများအဆင်ပြေစေရန်အတွက် မြို့ပတ်ရထားများကို သင်္ကြန်ရုံးပိတ်ရက်ဖြစ်သည့် ဧပြီ၁၀ရက်နေ့မှ၁၉ရက်နေ့အတွင်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီး ရထားက ယနေ့ဧပြီ၈ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။

ယခုလက်ရှိတွင် ရန်ကုန်မြို့ပတ်နှင့်ဆင်ခြေဖုံးရထားများတွင် COVID-19 နှင့်ပတ်သက်၍ မြို့တွင်း သွားလာမှုနည်းပါးလာပြီးရထားစီးခရီးသည်များလျော့နည်းလာသည့်အတွက် မြို့ပတ်ရထားအစီးရေ၆၉စီးကို ယာယီလျှော့ချပြေးဆွဲပေးနေရကြောင်း မြန်မာ့မီးရထားမှ တိုင်းအမှတ်-၇ မန်နေဂျာဖြစ်သူ ဦးဇော်လွင်ကပြောကြားသည်။

"မြို့ပတ်ရထားပြေးဆွဲမယ့် အချိန်စာရင်း အသေးစိတ်ကို သက်ဆိုင်ရာဘူတာတွေမှာ မကြာခင်ကြေငြာပေးထားပါမယ်"ဟု ၎င်းကဆိုသည်။

ပြေးဆွဲပေးမည့် မြို့ပတ်ရထားများခရီးစဉ်များမှာ
လှော်ကားဘက်သို့ မနက်တစ်စီးနှင့်ညနေတစ်စီး၊
မင်္ဂလာဒုံဘက်သို့ မနက်တစ်စီးနှင့်ညနေတစ်စီး၊
ရှာသာကွီးဘကျသျို့မနကျတဈစီးနှငျ့ညနတေဈစီးပွေးဆှဲပေးသှားမညျဖွဈပွီး လက်ဝဲရစ်မြို့ပတ်လမ်းကြောင်းကို မနက်၊နေ့လည်၊ညနေတစ်ပတ်စီနှင့်
လက်ယာရစ်မြို့ပတ်လမ်းကြောင်းကို မနက်၊ နေ့လည်နှင့်ညနေ တစ်ပတ်စီပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် လက်ရှိရထား ၁၆၈ စီးပြေးဆွဲလျက်ရှိပြီး ၆၉ စီး ယာယီရပ်နားမည် ဖြစ်သောကြောင့် ကျန်ရှိသည့် ၉၉စီးဖြင့် နေ့စဉ်ပြေးဆွဲသွားမည် ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှ သိရသည်။

၂၀၁၈ခုနှစ်က မြို့ပတ်ရထားစီးနင်းသူမှာ နေ့စဉ်တစ်ရက်လျှင် ခရီးသည် ၉၀၀၀၀ ကျော်ခန့် စီးနင်း မှုရှိပြီး ၂၀၁၉ခုနှစ်၊မတ်လမှစတင်ကာ မြို့ပတ်ရထားစီးနင်းသူတစ်ရက်လျှင် ခြောက်သောင်း ခန့်လျော့နည်းလာကာ ယခုလတွင် မြို့ပတ်ရထားစီးနင်းသူမှာ နေ့စဉ် တစ်ရက်လျှင် ခရီးသည်ငါးသောင်းခန့် စီးနင်းနေသည်။

ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခဈေးနှုန်းများမှာ ခရီးစဉ်အစမှ ၁၅မိုင်အထိ ငွေကျပ် ၁၀၀နှုန်း၊၁၅မိုင်အ ထက်နှင့်မြို့တစ်ပတ်လုံးကို ငွေကျပ် ၂၀ဝသတ်မှတ်ထားပြီးမနက် ၄နာရီမှ ည၁ဝနာရီထိ ပြေးဆွဲပေးလျက်ရှိသည်။

S-05