News

POST TYPE

NEWS

ရေကြည်မြို့နယ်တွင် ၅ ရက်အတွင် ပိုင်ရှင်မဲ့သစ် လေးကြိမ်ဖမ်းမိ
06-Apr-2020

 ဓာတ်ပုံ မောင်မျိုးထက်

ပုသိမ်၊ ဧပြီ ၆၊

ဧရာ၀တီတိုင်း ရေကြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် မတ်လ ၃၁ ရက်နေ့မှ စတင်၍ ၅ ရက်အတွင်း ပိုင်ရှင်မဲ့သစ် လေးကြိမ် ဖမ်းဆီးရမိခဲ့ကြောင်း ငသိုင်းချောင်းနယ်မြေ ရဲစခန်းထံမှ သိရသည်။

ရေကြည်မြို့နယ်၊ ဘုရားကုန်းကျေးရွာအနီး င၀န်မြစ်အတွင်းရှိ စက်လှေ ၂ စီး ပေါ်မှ တရားမ၀င်သစ် ၁၄၂ ချောင်း၊ ၂၉ တန်ကျော် နှင့် ဒွာရစုကျေးရွာအနီး င၀န်မြစ်အတွင်းရှိ စက်လှေတစ်စီးပေါ်မှ သစ် ၁၆၉ ချောင်း၊ ၃၅ တန်ကျော်၊ ကြက်ပေါင်ချောင်းအတွင်း သစ် ၃၈ ချောင်း၊ သစ် ၅ တန်ကျော်ကို ပိုင်ရှင်မဲ့ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ထိုအပြင် ရေကြည်မြို့နယ် ညောင်မှော်ကျေးရွာ ရွာဖျား င၀န်မြစ်ကမ်းဘေးတစ်လျှောက်မှ တရသစ်မျိုးစုံ ၄၅ ချောင်း၊ ၄ တန်နီးပါးကို သစ်တောဦးစီးဌာနမှ ၀န်ထမ်းများနှင့် ရဲတပ်ဖွဲ့ ၀င်များပါ၀င်သော ပူးပေါင်းအဖွဲ့က ပိုင်ရှင်မဲ့ ဖမ်းမိကြောင်း ငါးသိုင်းချောင်း နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

"သတင်းအရ သွားဖမ်းတဲ့အချိန်မှာ စက်လှေ ပေါ်မှာ လူတွေမတွေ့တော့ဘူး၊ အထက်အကြီး အကဲတွေကလည်း တရားမ၀င်သစ်တွေကို ဖမ်းဆီးဖို့ညွှန်ကြားထားပါတယ်" ဟု ၎င်းကဆက်လက်ပြောဆိုသည်။

ရေကြည်မြို့နယ် သစ်တောဦးစီးဌာနမှ သစ်တောအရာရှိနှင့် ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့၀င်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ပါ၀င်သည့် ပူးပေါင်းအဖွဲ့မှ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ၊ ဖမ်းဆီးရမိသည့် သစ်များနှင့်ပတ်သက်၍ သစ်ပိုင်ရှင်များကို ဖမ်းဆီးရမိနိုင်ရေးအတွက် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်နေကြောင် ငါးသိုင်းချောင်း နယ်မြေရဲစခန်းမှ ထပ်မံသိရသည်။

R-04