News

POST TYPE

NEWS

မုံရွာဂေဇက် လူမှုကွန်ယက်သတင်းစာမျက်နှာ အဟက်ခံရ
06-Apr-2020


မုံရွာ၊ ဧပြီ ၆

စစ်ကိုင်းတိုင်းရှိ ဒေသတွင်းသတင်းဂျာနယ်တစ်ခုဖြစ်သော မုံရွာဂေဇက်သတင်းဂျာနယ်၏ လူမှုကွန်ယက် ဖေ့စ်ဘုတ်စာမျက်နှာ ယနေ့ ဧပြီ ၆ ရက်နေ့တွင် ဟက်ယူခံထားရကြောင်း ယင်းသတင်းဌာနထံမှ သိရသည်။

မုရွာဂေဇက်သတင်းဂျာနယ်ကို စစ်ကိုင်းတိုင်း မုံရွာမြို့တွင် အခြေစိုက်ထားပြီး ၂၀၁၆ ခုနှစ်မှစတင်က အပတ်စဥ်ထုတ်ဝေနေခြင်းဖြစ်သည်။ 

မုံရွာဂေဇက် ဖေ့စ်ဘုတ်စာမျက်နှာမှ ဒေသတွင်းသတင်းများအပြင် ကမ္ဘာ့ကပ်ရောဂါ Covid 19 ကမ္ဘာ့သတင်းများအား အချိန်နှင့်တပြေးညီ ထုတ်လွှင့်တင်ဆက်ပေးနေရာ ယမန်နေ့ည ၁၀ နာရီကျော်ထိ သတင်းများတက်နေခဲ့ကြောင်း၊ ယနေ့နံနက် ရုံးဖွင့်ချိန်တွင် စာမျက်နှာဝင်၍ မရတော့သဖြင့် သတင်းတာဝန်ခံနှင့်သတင်းအဖွဲ့မှ ပြန်ရရန် ဆယ်ယူနေကြောင်း မုံရွာဂေဇက် သတင်းအဖွဲ့ထံမှ မေးမြန်းသိရှိရသည်။

ယင်းသတင်းဌာန​၏ သတင်းတာဝန်ခံဖြစ်သူ ဦးတည်ကြည်အေးအားဆက်သွယ်မေးမြန်းရာ လက်ရှိတွင် အလုပ်များနေကြောင်း ဖြေကြားခဲ့သည်။

``ကျွန်တော်တို့အလုပ်များ နေလို့ပါခင်ဗျ ပြန်ဆက်သွယ်ပါ့မယ်´´ဟု ဦးတည်ကြည်အေးကပြန်ကြားသည်။R -08