News

POST TYPE

NEWS

အုတ်တွင်းစောင့်ကြည့်စခန်း၌ သေဆုံးသူအမျိုးသား ဓာတ်ခွဲစမ်းသပ်ချက်မရသေး
02-Apr-2020
တောင်ငူ၊ ဧပြီ ၂

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့ နယ်၊ ဘိုကုန်းကျေးရွာစာသင်ကျောင်း စောင့်ကြည့်စခန်းတွင် မတ္လ ၃၁ ရက် နံနက္က ရုတ်တရက်သေဆုံးခဲ့သည့် အမျိုးသား၏ ဓာတ်ခွဲစမ်းသပ်ချက်အဖြေ မရရှိသေးကြောင်း တိုင်းအစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပွယ်ဆေးက ပြောကြားသည်။

"စစ်ဆေးနေဆဲပဲလို့သာ သိရတယ်" ဟု ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေးဆပ်ကော်မတီ တောင်ငူခရိုင် တာဝန်ခံဖြစ်သည့် ၎က ပြောဆိုသည်။

ယင်းကဲ့သို့ ရုတ်တရက်သေဆုံးသူမှာ လောက်ကိုင်တွင် အလုပ်လုပ်ပြီး မတ္လ ၂၇ ရက်နေ့က အုတ်တွင်းသို့ ပြန်လည်ရောက်ရှိလာပြီး မတ္လ ၂၈ ရက္က ဘိုကုန်းကျေးရွာစာသင်ကျောင်းတွင် စောင့်ကြည့်မှုခံယူနေရာမှ

မတ္လ ၃၁ ရက်နေ့ နံနက် ၄ နာရီခြဲက ရုတ်တရက်သတိလစ်ပြီး သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ရွှေလောင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးထံမှ သိရသည်။

သေဆုံးသူလူနာကို ရင်ခွဲစစ်ဆေးချက်များအရ ဆေးလိပ်သောက်သုံးမှု အလွန်များသူတစ်ဦး၏ လက္ခဏာများဖြစ်သည့် အဆုတ်အနေထားနှင့် နှလုံးကြီးသည့် လက္ခဏာများကြောင့် ရုတ်တရက်သေဆုံးသည်ဟု ကောက်ချက်ချရမည်ဖြစ်ကြောင်း အုတ်တွင်းမြို့နယ် ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက အခင်းဖြစ်နေ့က The Voice Daily သို့ ပြောကြားထားသည်။

R-02