News

POST TYPE

NEWS

Covid-19 ရောဂါကာကွယ်ရာတွင်သုံးရန် Gold Petrol က ချောက်နှင့် ရေနံချောင်းတွင် ကျပ်သိန်း ၂၆၀ လှူ
01-Apr-2020


ချောက်၊ မတ် ၃၁

ချောက်-လမ်းရွာ ရေနံမြေနှင့် ရေနံချောင်းမြို့ ရေနံမြေတို့တွင် Gold Petrol ကုမ္ပဏီမှ Covid-19 ရောဂါကာကွယ်ရေး အထူးအရေးကြီးကိစ္စရပ်များတွင် အသုံးပြုရန်တစ်မြို့လျှင် ကျပ်သိန်း ၁၃၀ ဖြင့် နှစ်မြို့အတွက် သိန်း ၂၆၀ ကို လှူဒါန်းခဲ့သည်။ 

ယင်းကုမ္ပဏီမှာ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်အကျိုးတူ ပူးပေါင်းဆောင်ရွက်နေသော ကုမ္ပဏီတစ်ခုဖြစ်ပြီး ချောက်မြို့ ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမတွင် မတ် ၂၆ ရက်က လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

ရေနံမြေအထွေထွေမန်နေဂျာကြီး ဦးကိုကိုသက်နှင့် ချောက် Gold Petrol ကုမ္ပဏီမန်နေဂျာ ဦးနေမျိုးတို့က ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ မျိုးသက်ဦးနှင့် မြို့မိမြို့ဖတို့ထံ လှူဒါန်းခဲ့ခြင်းဖြစ်သည်။ 

ကိုဗစ် ၁၉ ရောဂါအထူးကိစ္စရပ်များသုံးစွဲနိုင်ရန် ချောက်မြို့နယ်အတွက် ကျပ် ၁၀ဝ သိန်း၊ ချောက်-လမ်းရွာရေနံမြေအလုပ် သမားများအတွက် ကျပ် ၁၅ သိန်း၊ Gold Petrol ကုမ္ပဏီမှ အလုပ်သမားများအတွက် ကျပ် ၁၅ သိန်းတို့ကို လှူဒါန်းခဲ့ကြောင်း ချောက်-လမ်းရွာ ရေနံမြေအထွေထွေ မန်နေဂျာ ဦးကိုကိုသက်ကဆိုသည်။ 

အလားတူ ရေနံချောင်းမြို့တွင်လည်း Gold Petrol မှ ကျပ်သိန်း ၁၃၀ ကို လှူဒါန်း ခဲ့ကြောင်း ချောက်မြို့ Gold Petrol ကုမ္ပဏီ မန်နေဂျာ ဦးနေမျိုးကပြောသည်။ 

R-11