News

POST TYPE

NEWS

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ နှင့်အတူ ရွှေနန်းထိုက် Express ယာဉ်ပေါ် တွင် ခရီးသည် ၆၀ ကျော် အတူပါရှိ
30-Mar-2020

ရန်ကုန်၊ မတ် ၂၉

ထိုင်းနိုင်ငံမှ ဝင်ရောက်လာသော ပြည်တော်ပြန်များအနက် ပထမဆုံး ကိုရိုနာ ကူးစက်ခံရသော အမျိုးသားနှင့် အတူ ရွှေနန်းထိုက်  Express ယာဉ်ကိုစီးနှင်းခဲ့ကြသော ခရီးသည် ၆၀ကျော် ကို နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်ကြရန် ပြည်သူကျန်းမာရေးဦးစီးဌာန ထံမှသိရသည်။

မြန်မာနိုင်ငံတွင် ၁၀ ဦးမြောက် ကိုရိုနာ ဗိုင်းရပ်စ်ကူးခံရသူအမျိုးသားမှာ မတ်လ ၂၅ ရက်နေ့တွင် မြဝတီသို့ဝင်ရောက်ခဲ့ပြီးနောက် ည ၈ နာရီ ထွက်ခွာသော ရွှေနန်းထိုက် နထစမနျ ယာဉ်ဖြင် မြဝတီ မှ ထွက်ခွာသွားကြောင်း ကရင်ပြည်နယ် လွတ်တော် မြဝတီ မဲဆန္ဒနယ် ကိုယ်စားလှယ် ဦးသန့်စင်အောင်က သူ၏ လူမှု့ကွန်စာမျက်နှာတွင်ရေးသားသည်။



ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသော အမျိုးသားနှင့် အတူလိုက်ပါစီးနှင်းခဲ့သူများကို ဆက်သွယ်ပေးမှု အခြေအနေနှင့် ပတ်သက်၍  The Voice သတင်းစာ ရွှေနန်းထိုက်ယာဉ်လိုင်း ၏ ဖုန်းများထံ ဆက်သွယ်ခဲ့ရာ လက်ခံ ပြောဆိုသူတစ်ဦး က မိမိတို့ ယာဉ်လိုင်းမှ ကားပေါ်တွင် ဗိုင်းရပ် ကူးစက်ခံရသူ ပါရှိခဲ့သည် ကို မွန်းလွဲပိုင်းသိရှိခဲ့ပြီး အသေးစိတ်မသိရှိရကြောင်း ပြန်လည်ဖြေကြားသည်။

မတ် လ ၁၉ ရက် မှ ၂၈ ရက်နေ့ မြဝတီ-မဲဆောက်တံတားမှ တစ်ဆင့် ပြန်လည်ဝင်ရောက်လာသူ နှစ်သောင်း သုံးထောင်ကျော် တွင် COVID-19 ရောဂါကူးစက်ခံရ သူများ ပါဝင်လာနိုင်ချေများပြားပြီး ကပ်ရောဂါကြီး (big outbreak) အသွင်ဖြစ်ရန် အလားအလာအလွန်များနေကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနဝန်ကြီး က ဒေါက်တာမြင့်ထွေးက ကြေညာချက်ထုတ်ပြန်သည်။

ပြန်လည်ရောက်ရှိလာသူများ စာရင်းနှင့် နေထိုင်ရာပြမြေပုံ (mapping) များကို ပြုစုထားရှိကာ သက်ဆိုင်ရာ တိုင်းဒေသကြီး။ ပြည်နယ်အသီးသီးရှိ မြို့နယ်များသို့ ပေးပို့၍ မြို့နယ်ဆရာဝန်များက ဦးဆောင်ပြီး အသွားအလာကန့်သတ်မှုများပြုလုပ်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းများကို အရှိန် အဟုန်ဖြင့် ဆောင်ရွက်ကြရန် ဒေါက်တာမြင့်ထွေးကတိုက်တွန်းသည်။

ဓါတ်ခွဲအတည်ပြုလူနာ (Case-09)သည် ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီမြို့မှတစ်ဆင့် ဝင်ရောက်ခဲ့သူ အမျိုးသားသည် မတ်လ ၂၆ရက်နေ့တွင် ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်သို့ရောက်ရှိခဲ့ပြီး ယင်းနေ့တွင်ပင် ဖျားခြင်း၊ချောင်းဆိုးခြင်းများဖြစ်ပေါ်ခဲ့သည့်အတွက် ပြည်သူ့ဆေးရုံ၊ပုလဲမြို့သစ်တွင် တက်ရောက်ကာ စောင့်ကြည့်လူနာအဖြစ် ကုသမှုခံယူပြီး ဓါတ်ခွဲနမူနာပေးပို့စစ်ဆေးခံခဲ့ရသူဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန က ယမန့်နေ့ည ၁၀ နာရီ ၄၅ မိနစ်တွင် သတင်းထုတ်ပြန်သည်။

ဓါတ်ခွဲ အတည်ပြုလူနာ (Case-10) သည် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့် မြို့နယ်တွင်နေထိုင်သော အသက် (၄၅) နှစ် အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦးဖြစ်ပြီး COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (Case-05) နှင့် အနီးကပ်ထိတွေ့ခဲ့သည့် ရာဇဝင်ရှိသည့်အတွက် မတ်လ ၂၈ရက်နေ့တွင် ဝေဘာဂီအထူးကုဆေးရုံ၌ အသွားအလာကန့်သတ်ခြင်း (Hospiatl Quarantine) ဆောင်ရွက်ထားရှိပြီး ၎င်းထံမှဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးခံခဲ့ရသူဖြစ်သည်။

S-09