News

POST TYPE

NEWS

အထည်ချုပ်စက်ရုံပိုင်ရှင် စက်ရုံပိတ်ပြီး ထွက်ပြေးရန်ကြံစည်သဖြင့် နိုင်ငံကူးလက်မှတ်သိမ်း
30-Mar-2020


ရန်ကုန်၊ မတ် ၃၀

ဒဂုံဆိပ်ကမ်းမြို့နယ် စက်မှုဇုန်(၂)ရှိ KGG အထည်ချုပ်စက်ရုံပိုင်ရှင် တရုတ်လူမျိုးများသည် စက်ရုံပိတ်သိမ်းကာ ထွက်ပြေးရန်ကြံစည်သဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက နိုင်ငံကူးလက်မှတ်များကို သိမ်းဆည်လိုက်ကြောင်း အလုပ်များထံမှသိရသည်။

ထိုအလုပ်ရှင်တရုတ်များသည် မတ်လ ၂၉ ရက်နေ့ ညပိုင်းကအထုတ်အပိုးများဖြင့် ထွက်ပြေးရန်ကြံစည်သောကြောင့် အလုပ်သမားများမှဝိုင်းဝန်းပိတ်ဆို့တားဆီးကာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် ရဲတပ်ဖွဲ့တို့ထံ တိုင်ကြားခဲ့ခြင်းဖြစ်သည်။



အလုပ်သမားခေါင်းဆောင်မသင်းသင်းဆွေက “ရဲတွေဆီက စက်ရုံပိတ်မယ်ဆိုပြီးသတင်းကြားတယ်။ညနေကျတော့ လုံခြုံရေးတွေကပြောတယ်။လျှော်ကြေးပေးပြီး စက်ရုံပိတ်မယ်ပေါ့ ညပိုင်းလဲရောက်ရော တရုတ်တွေက အထုတ်အပိုးတွေနဲ့ထွက်ပြေးတာ” ဟု ဆိုသည်။

လတ်တလောတွင် စက်ရုံရှေ့၌ အလုပ်သမားတစ်ရာကျော်သပိတ်စခန်းဖွင့်ကာ စောင့်ကြပ်နေလျက်ရှိသည်။ 

KGG အထည်ချုပ်စက်ရုံကို ၂၀၁၈ ခုနှစ်တွင် တရုတ်နိူင်ငံသားတစ်ဦးက ဌားရမ်းဖွင့်လှစ်ခဲ့ပြီး အလုပ်သမား ၅၀ဝကျော်ရှိကာ ဆန္ဒပြမှုသုံးကြိမ်ဖြစ်ပွားထားသော စက်ရုံလည်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လအတွင်း လှိုင်သာယာ၊ ရွှေလင်ဗန်းစက်မှုဇုန်ရှိ Su Xing အထည်ချုပ်စက်ရုံနှင့် ရွှေပြည်သာစက်မှုဇုန်ရှိ Myanmar Royal Apolo အထည်ချုပ်စက်ရုံမှ အလုပ်ရှင်နှစ်ဦးထွက်ပြေးမှုကြောင့် အလုပ်သမားတစ်ထောင်နီးပါး လုပ်ခလစာမရရှိဘဲ ဒုက္ခရောက်လျက်ရှိသည်။

J-01