News

POST TYPE

NEWS

အရက်တင်သွင်းမှုအပေါ် အခွန်တိုးကောက်မည်
30-Mar-2020


ရန်ကုန်၊ မတ် ၂၉

မရှိမဖြစ်လိုအပ်သည့် ပစ္စည်းတွင်ပါဝင်ခြင်းမရှိသည့်အတွက် ယမကာတင်သွင်းမှုကို အခွန် ၅၀ ရာခိုင်နှုန်းအထိတိုး မြှင့်ကောက်ခံမည်ဖြစ်ကြောင်း စီမံကိန်း၊  ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။

ပြည်တွင်းထုတ်ကုန် တိုးတက်စေရန်နှင့် နိုင်ငံခြားငွေကြေးစီးဆင်းမှု ကာကွယ်နိုင်ရန်အတွက် မရှိမဖြစ်လိုအပ်သည့် ပစ္စည်းတွင်မပါဝင်သည့်အရက် တင်သွင်းမှုကို အခွန်တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။

လက်ရှိ ယမကာတင်သွင်းမှုအတွက် အကောက်ခွန်နှုန်းထားမှာ တန်ဖိုး၏ ၄၀ ရာခိုင်နှုန်း ကောက်ခံရာမှ ၅၀ ရာခိုင်နှုန်းသို့ ဧပြီလ ၁ ရက်နေ့မှ စတင်၍ ကောက်ခံမည်ဖြစ်ကြောင်းအဆိုပါ ဝန်ကြီးဌာနထံမှ သိရသည်။

အခွန်တိုးမြှင့်ကောက်ခံသွားမည့်  ယမကာ ၁၈ မျိုးမှာ အယ်ကိုဟောပါဝင်မှု  ၈၀ ရာခိုင်နှုန်းအောက်လျော့နည်းသည့်  အမျိုးအစားများဖြစ်သည့် ဝိုင်၊ ဘရန်ဒီ၊ ဝီစကီ၊ ဂျင်၊ ရမ်၊ ဗော်ကာစသည်တို့ပါဝင်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှု ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုနှင့်  ပြည်တွင်းထုတ်ကုန်များထုတ်လုပ်မှုတိုး တက်စေရန်နှင့် နိုင်ငံခြားငွေကြေးစီးဆင်း မှုကိုလျော့ကျစေရန် ပြည်သူအတွက်မရှိ မဖြစ်လိုအပ်သည့် ပစ္စည်းမဟုတ်သည့် မြန်မာ့အကောက်ခွန်စာရင်းတွင် ပါဝင်သောအရက်အမျိုးအစား ၁၈ မျိုးကို အခွန်တိုးမြှင့် ကောက်ခံခြင်းဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။        

J-03