News

POST TYPE

NEWS

ထိုင်းမှပြန်လာသူ အမျိုးသမီးတစ်ဦး ဝမ်းပျက်ခြင်း ၊ဖျားနာခြင်းတို့ကြောင့် စောင့်ကြည့်လူနာအဖြစ် ရေတာရှည်ဆေးရုံ ပို့ဆောင်
29-Mar-2020
တောင်ငူ၊ မတ်၂၉

ထိုင်းမှပြန်လည်ဝင်ရောက်သော အသက် ၄၉ နှစ်အရွယ် အမျိုးသမီးရေတာရှည် အ.ထ.ကစောင့်ကြည့်ရေးစခန်းတွင် နေထိုင်စဉ် ဝမ်းပျက်ခြင်း ဖျားနာခြင်းတို့ကြောင့် ရေတာရှည်ဆေးရုံအထူး သီးသန့်ဆောင်ကို ရွေ့ပြောင်းပေးထားရသည်ဟု ရေတာရှည်ဆေးရုံကြီးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သီးခြားစောင့်ကြည့်ကုသမှုခံယူရသူ အဆိုပါအမျိုးသမီးသည် အသက် ၄၉ နှစ်အရွယ်ရှိပြီး ရေတာရှည်မြို့နယ် ကျွဲရိုင်းပြင်ကျေးရွာဇာတိဖြစ်ပြီး ထိုင်းနိုင်ငံမှ မတ်လ ၂၆ ရက်ပိုင်းက ပြန်လည်ရောက်ရှိလာသည့်အတွက် ရေတာရှည် အ.ထ.က တွင်ထားရှိစဉ် မတ်လ၂၈ ရက်နေ့ ည ၆ နာရီခန့်က ဝမ်းပျက်ခြင်း  ၊ ဖျားနာခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

"သီခြားစောင့်ကြည့်နေရတာ ရေတာရှည်ဆေးရုံမှာ အာ့ဒီအမျိုးသမီးတစ်ဦးထဲရှိပါတယ်။မနေ့ကညတွင်းချင်းပဲ ဓာတ်ခွဲစမ်းသပ်ဖို့ရန်ကုန်ပို့လိုက်ပါပြီ။ကနေ့ညလောက်မှာ အဖြေရရှိမယ်လို့မျှော်လင့်ပါတယ်" ဟု ရေတာရှည်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပဲခူးတိုင်းဒေသကြီး ခရိုင်လေးခုတွင်ထိုင်းနိုင်ငံမှ ပြန်လာသူဦးရေမှာ မတ်လ၂၈ ရက်နေ့အထိ နေအိမ် သီးခြားစောင့်ကြည့်စခန်းနှင့်ဆေးရုံများတွင် စောင့်ကြည့်မှုခံယူနေရသူဦးရေ ၇၀၀၀ ကျော်ရှိနေသည့်အပြင် ဆေးရုံတွင် သီးခြားအထူးကြပ်မတ်စောင့်ကြည့်နေရသည့် အမျိုးသား ၉ ဦး၊ အမျိုးသမီး ၃ ဦး ရှိနေသည်ဟု ပဲခူးတိုင်းအစိုးရအဖွဲ့ မှတ်တမ်းများအရ သိရှိရသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ပျံ့နှံ့ခဲ့သော COVID 19 ကူးစက်ခံရသူ မြန်မာနိုင်ငံတွင်လည်း ယနေ့အထိ ရောဂါပိုးတွေ့သူ ၈ ဦးရှိလာပြီ ဖြစ်သည်။

R-02