News

POST TYPE

NEWS

အမြန်လမ်းရှိ စားသောက်ဆိုင်များတွင် ခရီးသည်များကို ဆိုင်ထိုင်စားသောက်ခွင့်ရပ်
29-Mar-2020
တောင်ငူ၊ မတ် ၂၈

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အမြန်လမ်းတစ်လျှောက်ရှိ ယာဉ်ရပ်နားစခန်းများတွင် ဖွင့်လှစ်ထားရှိသည့် စားသောက်ဆိုင်များ၌ ဆိုင်ထိုင်၍ စား သောက်ခြင်းကို မတ် ၂၉ ရက်မှစတင် ရပ်ဆိုင်းမည်ဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန်သည်။

"မနက်ဖြန်ဆိုတာထက် ကနေ့ညပိုင်းကစ အသက်ဝင်ပါပြီ။ ဆိုင်ထိုင်ပြီး စားသောက်ခွင့်မပြုဘဲ ပါဆယ်သာခွင့်ပြုမှာပါ" ဟု အမြန်လမ်းမကြီး ပြုပြင်ထိန်းသိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက မတ် ၂၈ ရက် ည ၇ နာရီတွင်ပြောသည်။ 

ယင်းကဲ့သို့ စားသောက်ဆိုင်များတွင်ခရီးသည်များ၊ ယာဉ်မောင်းများနှင့် လိုက်ပါလာသူများကို ဆိုင်ထိုင်စားသောက်ခွင့်များ ရပ်ဆိုင်းလိုက်သော်လည်း ယာဉ် သွားလာမှုများကို ပုံမှန်သွားလာခွင့်ပြုထားကြောင်း အမြန်လမ်းမကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

မန္တလေးတိုင်းအပိုင် အမြန်လမ်းစားသောက်ဆိုင်များတွင်မူ လွန်ခဲ့သောရက်များကတည်းက ဆိုင်တွင်ရောင်းချ ခြင်းမပြုရန်နှင့် ပါဆယ်ဝယ်ယူစားသောက်ကြရန် ညွန်ကြားစာများ ကပ်ထားကြောင်း ခရီးသွားများထံမှသိရသည်။ 

"ကားပေါ်မှာ စားဖို့မှအဆင်မပြေတာ။ ဘယ်လိုလုပ် ပါဆယ်ဝယ်စားမလဲ။ လမ်းဘေးထိုင်စားရမှာလား"ဟု မတ်လ ၂၇ ရက်က အမြန်လမ်းမှ ပြန်လာသူတစ်ဦးက ပြောသည်။ 

အမြန်လမ်း ၁၁၅ မိုင်ရှိ ယာဉ်ရပ်နားစခန်းများတွင် စားသောက်ဆိုင်များလုံခြုံစိတ်ချရေးအတွက် လက်ဆေးခိုင်းခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းများသာမက စားပွဲထိုးများနှင့် ချက်ပြုတ်သူ များပါ လက်အိတ်ဝတ်ခိုင်းထားသည်ဟု ပိုင်အိုးနီးယားစားသောက်ဆိုင်လုပ်ငန်းများကုမ္ပဏီဥက္ကဋ္ဌ ဦးဇော်လှမြင့်ကပြောသည်။

"ဆိုင်မှာစားခွင့်မပေးဘဲ Food Box နဲ့ ရောင်းချပေးဖို့ ပြင်ဆင်ထားပြီး ဖြစ်ပါတယ်" ဟု ၎င်းကဆိုသည်။ 

ယင်းကဲ့သို့ ဥပဒေများ ထုတ်ပြန်ထားသော်လည်း အမြန်လမ်းတစ်လျှောက် ခရီးသွားလာလျက်ရှိသည့် ပြည်သူများ အပေါ့အလေးကျန်းမာရေး ကိစ္စများ ဖြေရှင်းဆောင်ရွက်ရန် အမြန်လမ်းမကြီး ရဲတပ်ဖွဲ့စခန်း ၁၆ ခု၊ ရဲကင်း ၄၂ ခုတွင် အသင့်ပြင်ဆင်ထားရှိကြောင်း အမြန်လမ်းရဲတပ်ဖွဲ့က အသိပေးထုတ်ပြန်ထားသည်။

R-02