News

POST TYPE

NEWS

မြဝတီနယ်စပ်ဂိတ်တွင် ဘားအံတက္ကသိုလ်ကျောင်းသားများ စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်မည်
26-Mar-2020

ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ


ရန်ကုန်၊ မတ် ၂၅


ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသော ရွှေ့ပြောင်းလုပ်သားများကို ကျန်မားရေးစစ်ဆေးမှုများလုပ်ကိုင်နိုင်ရန် ထိုင်း မြန်မာချစ်ကြည်ရေး တံတားဂိတ်အမှတ်၂ တွင် ဘားအံတက္ကသိုလ်မှ ကျောင်းသား ၃ဝ ခန့်က စေတနာ့ဝန်ထမ်းအဖြစ် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများသမဂ္ဂထံမှ သိရသည်။


ယင်းစေတနာ့ဝန်ထမ်းကျောင်းသားအဖွဲ့တွင် ကျောင်းသား ၊ ကျောင်းသူ ၂၄ ဦးပါဝင်ပြီး မြဝတီနယ်ခံကျောင်းသားများနှင့် ပူးပေါင်းကာ လူဦးအင်အား ၃ဝ ခန့်ဖြင့်ဆောင်ရွက်နေခြင်းဖြစ်သည်။ ၎င်းတို့သည်ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ မတ်လ ၂၅ ရက်မှစ၍ တစ်ပတ်အကြာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယင်းသမဂ္ဂထံမှသိရသည်။


ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ


“ကျွန်တော်တို့တိုင်းပြည်အရေးကြုံလာရင်တော့ ကျွန်တော်တို့ကျောင်းသားတွေလည်း တက်နိုင်တဲ့ဘက်က ပူးပေါင်းဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်”ဟု ဘားအံ့တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌကိုထက်အာင်ဆန်းကပြောသည်။


အဆိုပါစေတနာ့ဝန်ထမ်းကျောင်းသား ၊ ကျောင်းသူများအတွက် ကရင်အစိုးရမှ နေရေးထိုင်ရေးများကိုတာဝန်ယူထားပြီး ကျောင်းသူများအတွက် ဟိုတယ်တွင်စီစဉ်ပေးထားပြီး ကျောင်းသားများအတွက် ဘုန်းကြီးကျောင်းများတွင် နေရာချပေးထားသည်။ ကျောင်းသူ၊ ကျောင်းသားများ စေတနာ့ဝန်ထမ်းဖြင့် တစ်ပတ်ဆောင်ရွက်ပြီးချိန်တွင် Quarantine ၁၄ရက်ခံယူပြီး နေရပ်ပြန်ပို့ပေးမည်ဖြစ်ကြောင်း ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂထံမှသိရသည်။



ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ


မြဝတီနယ်စပ်ဂိတ်တွင် ရွှေ့ပြောင်းလုပ်သားအများအပြား ပြန်လည်ဝင်ရောက်လာခြင်းကြောင့် ကျန်းမာရေးဝန်ထမ်းအရေအတွက်နှင့် မမျှတသောအခြေအနေတွင် ကျန်းမာရေးစစ်ဆေးမှုများ အပြည့်အဝပြုလုပ်နိုင်ရန် ဘားအံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂမှဦးဆောင်၍ မတ်လ ၂၄ ရက်တွင် စေတနာ့ဝန်ထမ်းအဖွဲ့ကို ဖွဲ့စည်း၍ မတ်လ ၂၅ ရက်တွင် မြဝတီနယ်စပ်ဂိတ်သို့ ပို့ဆောင်ခဲ့ကြောင်း ယင်းတက္ကသိုလ်သမဂ္ဂထံမှ သိရသည်။


လက်ရှိတွင် မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူ ၃ ဦးရှိပြီး သံသယနှင့်စောင့်ကြည့်လူနာ ၂၇၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကထုတ်ပြန်ထားသည်။


J-02